• 09954562222Emergency Line
  • အမှတ် ၈၀ C ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်မြို့ 

ထိုင်းရိုးရာအနှိပ်

ထိုင်းရိုးရာအနှိပ်သည် နာကျင်ကိုက်ခဲခြင်းအတွက် ထိုင်းလူမျိုးများ အသုံးပြုလေ့ရှိသော ရှေးရိုးကုထုံးတစ်မျိုးဖြစ်သည်။ အုန်းသီးခွံ၊ သစ်သား၊ ဆေးဖက်ဝင်သစ်ဖုသစ်ဥများနှင့် အဆီတို့ကို အသုံးပြပြီးနှိပ်နယ်ခြင်းဖြင့် ခံစားနေရသော နာကျင်ကိုက်ခဲမှု ဝေဒနာများသက်သာစေသည်။ အဆီအမွေးအကြိုင်တို့ကို သုံး၍နှိပ်နယ်ခြင်းဖြင့် သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး ပေါ့ပါးလန်းဆန်းစေသည်။ အာရုံကြောအတွက်လဲ ကောင်းမွန်ပြီးအရေပြားကို နုညံ့ချောမွေ့စေသည်။

အကျိုးကျေးဇူးများ

- စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်းနှင့် စိတ်ပင်ပန်းမှုကို သက်သာစေခြင်း

- ခွန်အားပြန်လည် ဖြည့်ဆည်းပေးခြင်း

- အရေပြားကြည်လင် တောက်ပနုညံ့ခြင်း

ခြေထောက်နှိပ်နယ်ခြင်း

ခြေဖ၀ါးရှိ အကြောဆုံမှတ်များကို နှိပ်နယ်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကောင်းမွန်ကာ အချို့ရောဂါများကို သက်သာပျောက်ကင်းစေသည်။

သက်သာစေသောရောဂါများ

- ခေါင်းကိုက်ခြင်း

- စိတ်ဖိစီးမှုများခြင်း

- ပန်းနာရင်ကြပ်

- ၀မ်းချုပ်ခြင်း

- ထိပ်ခတ်နာ

- ခေါင်းတစ်ခြမ်းကိုက်ခြင်း

- ဓာတ်မတည့်ခြင်း

တကိုယ်လုံးနှိပ်နယ်ခြင်း

နာကျင်ကိုက်ခဲမှုကို သက်သာစေရုံသာမက ကိုယ်နှင့်စိတ်ကိုပါ ပေါ့ပ့ါလန်းဆန်းစေသော သဘာဝကုထုံးတစ်မျိုးဖြစ်သည်။

အကျိုးကျေးဇူးများ

- ကြွက်သားနှင့် အာရုံကြောများကို ဖြေလျှော့ပေးခြင်း

- သွေးလှည့်ပတ်မှုကောင်းမွန်စေခြင်း

- စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း

- အရေပြားနှင့်ကိုယ်ရှိဆဲလ်များကို အာဟာရဓာတ်ဖြည့်ပေးခြင်း

သစ်ဥသစ်ဖုတို့ဖြင့်ပေါင်းခံခြင်း

နနွင်း၊ မန်ကျည်းရွက်၊ သံပုရာရွက်စသည့် ဆေးဖက်ဝင်သစ်ဖုသစ်ဥတို့ဖြင့် ချွေးထုတ်ပေါင်းခံကာ နှိပ်နယ်ပေးသည်။

အကျိုးကျေးဇူးများ

- ကြွက်သားတောင့်တင်းခြင်း၊ ကိုက်ခဲခြင်း၊ ယောင်ယမ်းခြင်းတို့ကို သက်သာစေသည်။

- သွေးလှည့်ပတ်မှုကိုကောင်းမွန်စေသည်။

- အားနည်းတောင့်တင်း သိမ်လှီနေသောကြွက်သားများကို သန်မာစေသည်။