• 09954562222Emergency Line
  • အမှတ် ၈၀ C ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်မြို့ 

လူနာများ၏စကားသံများ

လူနာများ၏စကားသံများ

" ဝိဖဝတီဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သော Ms Khin Ei Ei Tin၏ စကားသံများ "

ဆရာဝန် (၃) ယောက်နဲ့ ဝီဖဝတီမှာ ပြခဲ့ပါတယ်။ ဆေးစစ်တာရယ်၊ allergy test ရယ်၊ OG ရယ်...အကုန် သွက်လက်လျင်မြန်ဖျပ်လပ်နေကြတာပဲ..လူနာတစ်ယောက်ကိုမပြီးမချင်း ဘယ်လောက်ကြာကြာ ကြည့်ပေးပါတယ်... သူကြည့်နိုင်မယ့် အချိန်ကို မှန်းပြီးပဲ သေချာချိန်းတာပါ...

ဒုတိယ allergy စစ်တော့ examination လုပ်တာ အကြာကြီးမှ အကြာကြီး... history ကို ဘိုးတော်ဘုရား လေးဖက်တွားဘဝကနေ ပြန်ယူတာ... ကိုယ့် profile ပေးလိုက်တာနဲ့ သူကိုင်ထားတဲ့ အိတ်လေးထဲက ထွက်လာလိုက်တဲ့ pain killer တွေအပြင်.. အလာဂျီ ဖြေဆေးမှာတောင် အလာဂျီဖြစ်နိုင်လို့ သေချာစိစစ်ပြီးမှ ပေးတယ်။

နောက်ဆုံး OG ဆီ ရောက်တော့ တစ်နေရာချင်းထောက် ရှင်းပြနေတာ နေ့တစ်ပိုင်းကုန်တော့မယ်... အားတောင် နာယူရတယ်... action ယူတာ သိပ်မြန်ပဲ။ သူသုံးတဲ့စက်တွေ အကုန် ဒီက ဆရာဝန်တွေဆီ အကုန်ရှိပါ့... ခွဲခန်းဝင်တော့ ဆရာဝန် fees တွေက ဘတ် ၆၀၀၀ ရယ်...မေ့ဆေးဆရာဝန် နဲ့ နပ်စ်တွေ ချော့ချက်ကလည်း အပ်သွင်းလို့ သွင်းလိုက်မှန်းတောင်မသိ... စိတ်လျှော့ပေးထားလိုက်တာ အိပ်မွေ့ချလိုက်သလိုကို အိပ်ပျော်သွားတယ်။ နိုးလာတော့လည်း တအားထူပူမနေဘူး...

***ဆရာဝန်အားလုံးမှာ တူညီတာ တစ်ချက်ရှိတယ်...တစ်ချက်ရှင်းပြပြီးတိုင်း ခနနားပြီး မရှင်းတာရှိရင်မေးဖို့ အချိန်ပေးတယ်။ပထအဆုံး ဆေးစစ်တာဖတ်ပြီး စမ်းသပ်တဲ့ဆရာဝန် တော်ချက်ကတော့မပြောပါနဲ့တော့ပဲ...ကိုယ့်ကိုယ်ကိုယ် သိနေတဲ့ ရောဂါအားလုံးကိုအဖြေဖတ်ပြီး ဒက်ထိဆွေးနွေးပေးနိုင်တယ်။ ဆေးစစ်ခက ဘတ် ၅၉၀၀ ရယ်...အားလုံးအပြီးအစီး ဆရာဝန်ခပါ ပါအပြီးနော်။

bkk ဆေးကုသစရိတ်ဟာ ပြန်ရတဲ့ ဝန်ဆောင်မှုနဲ့ ယှဉ်ရင် တန်လွန်းမကတောင် တန်နေသေးတယ်။ မသေသော ဆေးသမားဆိုတာ မရှိဆိုပေမယ့် သေခြင်းတရားကို ရင်ဆိုင်ဖို့တောင် အားအပြည့်ပေးနိုင်တဲ့ ဆေးဝန်ထမ်းတွေ ရှိတဲ့နိုင်ငံ... သိပ်ချစ်စရာ ကောင်းတယ် ဟိတ်ဟန်မရှိ ပညာတတ်တွေ အင်မတန် ရို့ကျိုးတဲ့နိုင်ငံ... ( Khin Ei Ei Tin facebook မှ ကူးယူတင်ပြပါသည်)

 

ဗန်းမော်မြို့မှလာရောက်ဆေးကုသော မဝါဝါရဲ့ စကားသံများ

မန္တလေးမှ ဒေါက်တာသက်ဝင်းဆက်သွယ်မိပြီး 7 sep 2019 ရက်နေ့ မန္တလေးမှာကျင်းပခဲ့တဲ့ ဝိဖဝတီဆေးရုံပွဲမှာ OG ဆရာမ Dr Anchulee နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်

ဆရာမရဲ့ အပြုံးချိုချိုနဲ့ အသေးစိပ်ရှင်းပြမှုက ဆရာမအပေါ်ယုံကြည်မှုကို ပိုတိုးစေပါတယ်

အရင်က သားအိမ်တခုလုံးထုတ်ရမယ်လို့သိထားခဲ့ပေမဲ့ ဆရာမနဲ့တွေ့တဲ့အချိန်မှာဆရာမရဲ့ပြောပြချက်အရ သားအိမ်နားကအလုံးသီးသန့်ပဲထုတ်ဖို့လိုတယ်လို့ သိရချိန်မှာ အရမ်းဝမ်းသာမိတယ်

ဆရာမတို့နဲ့တူတူလိုက်သွားပြီး ခွဲစိပ်မှုခံယူလိုက်ပါတယ် ။ ဆေးရုံ ၂ရက်တက်ပြီး လူလဲလန်းလန်းဆန်းဆန်းမလို့ အပြင်လဲ လိုက်လည်ခဲ့ပါသေးတယ် ။ ဘန်ကောက်စုစုပေါင်း၅ ရက်နေခဲ့ပါတယ်။

ဈေးနှုန်းသင့်တင့်ပီး ဝန်ဆောင်မှုကောင်းသော ဝိဖဝတီဆေး၇ုံကို အရမ်းသဘောကြမိပါတယ် ။ အစစရာရာကူညီပေးခဲ့ကြသောဝန်ထမ်းအားလုံးကိုကျေးဇူးတင်ပါတယ် .. ဝိဖဝတီဆေးရုံကြီးဒီထက်မကအောင်မြင်ပါစေ....