• 09954562222Emergency Line
  • အမှတ် ၈၀ C ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်မြို့ 

သားဖွားနှင့်မီးယပ်ဌာန

သားဖွား ဌာနမှအောက်ပါဝန်ဆောင်မှုများကိုဆောင်ရွက်ပေးနေပါသည်။

- ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

- ကမ္ဘာ့အဆင့်မီစက်များဖြင့် သန္ဓေသားလောင်း၏ ကျန်းမာရေးစစ်ဆေးပေးခြင်း

- မျိုးရိုးဗီဇချို့ယွင်းမှုရှိ/မရှိ စစ်ဆေးပေးခြင်း

- မိခင်နို့အာနိသင်များနှင့်မိခင်နို့စနစ်တကျတိုက်ကျွေးနည်းပညာပေးခြင်း

မီးယပ်ဌာနမှေ အာက်ပါဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသည်

- မီးယပ်ရောဂါအမျိုးမျိုးနှင့် အမျိုးသမီးသားဖွားလမ်းကြောင်းရှိ ကင်ဆာအမျိုးမျိုးကို ကျွမ်းကျင်၍ အတွေ့အကြုံရှိသော ဆရာဝန်ကြီးများမှ မှန်ပြောင်းဖြင့် ခွဲစိတ်ကုသပေးခြင်း

- သားအိမ်မှန်ပြောင်းကြည့်ခြင်း၊ သွေးတွင်း tumour marker တိုင်းတာခြင်း၊ pap smear တို့ဖြင့်ရောဂါလက္ခဏာမပြမီ ကင်ဆာရှိ/မရှိစစ်ဆေးပေးခြင်း

- အမျိုးသမီးသားဖွားလမ်းကြောင်းရှိ ကင်ဆာအမျိုးမျိုးကို ကင်ဆာဆေးသွင်းဌာနနှင့် ပူးပေါင်း၍ စနစ်တကျကုသပေးခြင်း

ဖန်ပြွန်သန္ဓေသားဌာန

ဖန်ပြွန်သန္ဓေသား ဌာနမှအောက်ပါ ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးနေသည်။ ကလေးရရန် အခက်အခဲဖြစ်နေသော ဇနီးမောင်နှံများ၏ အခက်အခဲကိုသေချာစွာ နားထောင် ၍ တစ်ဦးချင်းအလိုက် သင့်တော်သောနည်းလမ်းဖြင့် ရှာဖွေကုသပေးပါသည်။ လူနာအားလုံလောက်သော သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီပေး၍ ဖန်ပြွန်သန္ဓေလုပ်ဆောင်မှုကို ချောမွေ့အောင်မြင်အောင် ဆောင်ရွက်ပေးနေသည်။

- ရာသီစက်ဝန်းပေါ်မူတည်၍ သင့်တော်သော အချိန်အလိုက် ဟော်မုန်းများစစ်ဆေးခြင်း

- သုတ်ရည်စစ်ဆေးခြင်း

- သားအိမ်နှင့်သားဥပြွန် ဓာတ်မှန်ရိုက်၍ သားဥပြွန်ပိတ်ဆို့မှု ရှိ/မရှိစစ်ဆေးခြင်း

- သားအိမ်အသားစယူ၍ သားအိမ်တွင်းရှိ ပြသာနာရှာဖွေပေးခြင်း

- သားအိမ်မှန်ပြောင်းကြည့်၍ သားအိမ်နှင့်မွေးလမ်းကြောင်း ပြသာနာရှာဖွေကုသပေးခြင်း

- ဖန်ပြွန်သန္ဓေပြုလုပ်ခြင်း

- သားကြောဖြတ်ထားပြီးမှ ကလေးလိုချင်သူများအတွက် ကလေးပြန်ရနိုင်အောင် သားဥပြွန် ဆက်ထုံးဖြေပေးခြင်း

ကလေးမမွေးဖွားမီရောဂါရှာဖွေရေးဌာန

ခေတ်မီအဆင့်မြင့်သော genetic စစ်ဆေးမှု၊ ကြည်လင်ပြတ်သားသော အာလ်ထရာဆောင်းပုံရိပ်တို့ဖြင့် မွေးရာပါရောဂါနှင့် ကိုယ်အင်္ဂါချို့တဲ့မှုများကို စစ်ဆေးသိရှိနိုင်သည်။
ကိုယ်ဝန်၇ပတ်မှစ၍သန္ဓေသားလောင်း၏လှုပ်ရှားမှုကိုသိနိုင်သည်။

ထို့အပြင်အောက်တွင် ဖော်ပြထားသော မွေးရာပါရောဂါများကိုလဲ စမ်းသပ်သိရှိနိုင်သည်။

- မွေးရာပါနှလုံးရောဂါ

- ကျောရိုးဆစ်ပြသာနာ

- ခြေလက်အင်္ဂါစုံမစုံ

- ကိုယ်အင်္ဂါချို့တဲ့မှု

- မျိုးရိုးဗီဇ (Chromosome) ပုံမှန်ဟုတ်မဟုတ်

- Down syndrome