LASIK သို့မဟုတ် လေဆာဖြင့် မျက်လုံးပါဝါဖျောက်ခြင်းဆိုတာ ဘာလဲ ???
လေဆာဖြင့် မျက်စိပါဝါဖျောက်ခြင်း (LASIK @ Laser Assisted in situ Keratomileusis) ဆိုသည်မှာ အရာဝတ္ထုများကို ကြည်ကြည်လင်လင် မြင်တွေ့နိုင်စေရန် မျက်လုံးအတွင်းရှိမှန်ဘီလူးကို လေဆာဖြင့် ပြန်လည်ချိန်ညှိပုံသွင်းခြင်းဖြစ်ပါသည်။ ယင်းခွဲစိတ်မှုတွင် ကိုယ်ခန္ဓာတွင်း ထိုးဖောက်မှု တစ်စုံတစ်ရာ မရှိသည့်အတွက် မြန်ဆန်သက်သာပျောက်ကင်းသော ခွဲစိတ်မှုဖြစ်သည့်အပြင် တိကျသေချာကာ ရေရှည် ကောင်းကျိုးရလဒ်များကိုလည်း ရရှိစေနိုင်ပါတယ်။
ဘယ်လိုလူတွေ LASIK လုပ်လို့ရနိုင်သလဲ ???
- အသက် ၁၈ နှစ်ပြည့်ပြီးသူများ
- အနည်းဆုံး ၁ နှစ်တိတိ မျက်မှန်ပါဝါ အတက်အကျ မရှိသူများ
- မှန်ဘီလူးဆုံချက်မညီမှု (Astigmatism) 5 Diopters ထက်မကျော်သူများ
- အနီးမှုန်ခြင်း (Hyperopia) +6 Diopters ထက်မကျော်သူများ
- အဝေးမှုန်ခြင်း (Myopia) -12 Diopters ထက်မကျော်သူများ
ဘယ်လိုလူတွေမှာ LASIK လုပ်လို့ မရနိုင်ဘူးလဲ ???
- မျက်ကြည်လွှာပါးလွှာသူများ၊ မျက်ကြည်လွှာတွင် အနာဖြစ်နေသူများ
- မျက်ခွံရောင်ရမ်းတတ်သူများ၊ မျက်ရေခမ်းခြောက်တတ်သူများ
- နို့တိုက်မိခင်နှင့် မီးဖွားပြီးစ မိခင်များ
- အတွင်းတိမ်အခြေအနေဆိုးနေသူများ
- ဆီးချို သွေးချို ထိန်းမရသူများ
- ရေတိမ် အခြေအနေဆိုးရွားနေသူများ
LASIK ကုသမှုပြုလုပ် ရနိုင်၊ မရနိုင် သိရှိနိုင်ရန် တစ်ရက်ကြိုတင်၍ အလုံးစုံမျက်စိစမ်းသပ်မှုကို လုပ်ဆောင်ရပါမည်။
LASIK ကုသမှုခံယူရန် ဘယ်လိုကြိုတင် ပြင်ဆင်မှုတွေလုပ်ထားဖို့ လိုအပ်သလဲ ???
- မျက်ကပ်မှန်အပျော့တပ်ထားသူများ အနေဖြင့် မျက်စိစမ်းသပ်စစ်ဆေးမှု မပြုလုပ်မီ ၃ ရက်ကြိုတင် ဖြုတ်ထားရန် လိုအပ်ပြီး၊ မျက်ကပ်မှန် အမာတပ်ထားသူ အနေဖြင့် ၇ ရက် ကြိုတင်ဖြုတ်ထားရပါမည်။
- သွေးကျဲဆေးသောက်သုံးသူများ အနေဖြင့် သွေးကျဲဆေးအား ၇ ရက်မတိုင်မှီ ကြိုတင်ရပ်နားထားရပါ မည်။
LASIK ဖြင့် ကုသပြီးပါက လူနာအနေနဲ့ ဘာတွေလိုက်နာရန်လိုအပ်ပါသလဲ ???
LAISK ခွဲစိတ်ပြီးလူနာသည် –
– ခွဲစိတ်ပြီး အမြင်ေ၀၀ါးခြင်း၊ ခေါင်းမကြည်မလင်ဖြစ်ခြင်းတို့ ဖြစ်တတ်သောကြောင့် နာရီနီးပါးကြာသည်အထိ ယာဉ်မောင်းနှင်၍မရပါ။ ဖြစ်နိုင်ပါက အဖေါ်တစ်ယောက်ယောက်နှင့်သာ သွားလာသင့်ပါသည်။ ၂၄ နာရီ တိတိ စူးရှလင်းလက်သော အလင်းရောင်နှင့် မထိတွေ့သင့်ပါ။
– မျက်လုံးအား ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရပါ။ အိပ်ချိန်တွင် မျက်လုံး ပွတ်မိခြင်းကို ကာကွယ်ရန် မျက်လုံးအကာ ၀တ်ဆင်၍ အိပ်စက်ရန်။
– မျက်လုံးရေထိခြင်း တို့ကို ရက်သတ္တတစ်ပတ်တိတိ မပြုလုပ်ရပါ။ ရေဖြင့်မျက်နှာသစ်ခြင်းမပြုလုပ်ရပါ။
– ခွဲစိတ်ပြီး နာရီအနည်းငယ် မှ ရက်အနည်းငယ်တိုင်အောင် မျက်လုံးထဲ ခုလုခုလု ဖြစ်နေခြင်း၊ မျက်လုံးအောင့်ခြင်း၊ မျက်ရည်ခမ်းခြောက်တို့ ဖြစ်နေတတ်သောကြောင့် ဆရာဝန်ညွှန်ကြားသည့် အတိုင်း မျက်ရည်တု (သို့) မျက်စဉ်းတစ်မျိုးမျိုးကို အချိန်မှန်မှန်ခတ်ပေးရပါမည်။
– LASIK လုပ်ပြီး ၇ ရက်အကြာတွင် တစ်ကြိမ်၊ ရက် ၃၀ အကြာတွင် တစ်ကြိမ် သက်ဆိုင်ရာ မျက်စိဆရာဝန်နှင့် မဖြစ်မနေ ပြန်လည်ပြသကာ လိုအပ်သော စစ်ဆေးမှု ခံယူရပါမည်။
LASIK ဖြင့် မျက်လုံးပါဝါဖျောက်လိုက်ပါက ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်မှာလဲ ???
၁. ခွဲစိတ်ကုသမှု တိကျသေချာ၍ အောင်မြင်နှုန်းမြင့်မားခြင်း။
၂. ခွဲစိတ်ကုသမှု တလျောက်လုံးတွင် နာကျင်မှု အနည်းငယ်သာရှိခြင်း။ (လိုအပ်မှသာ ရက်အနည်းငယ်ကြာ မျက်စဉ်းခတ်ရခြင်း)
၃. မျက်စိမှုံခြင်းများကွယ်ပျောက်ကာ နေ့ချင်းပြီး (သို့) ရက်အနည်းငယ်အတွင်း အမြင်အာရုံကြည်လင်မှုကို ခံစားရခြင်း။
၎. ခွဲစိတ်မှုပြီးနောက် ချုပ်ရိုးဖြေခြင်းများပြုလုပ်ရန် မလိုအပ်တော့ခြင်း။
၅. နောင်တချိန်တွင် ဇရာကြောင့်ဖြစ်ပေါ်တတ်သော မျက်စိမှုန်ခြင်းများအတွက် မဖြစ်မနေ မျက်မှန်တပ်ရမည် ဆိုပါကလည်း စာဖတ်မျက်မှန်လောက်သာ တပ်ဆင်ရတော့ခြင်း။
LASIK ဖြင့် မျက်လုံးပါဝါဖျောက်လိုက်ပါက မည်သို့သောဆိုးကျိုးတွေ ရရှိတတ်ပါသလဲ ???
- ကျွမ်းကျင်မှုမရှိသော ဆရာဝန် (သို့မဟုတ်) အရည်အသွေးမမှီသော စက်ကိရိယာများဖြင့် ကုသမိပါက အခန့်မသင့်လျှင် ရာသက်ပန် အမြင်အာရုံထိခိုက်ခြင်းမျိုးဖြစ်တတ်ပါသည်။
- ကျွမ်းကျင်မှုမရှိသော ဆရာဝန် (သို့မဟုတ်) အရည်အသွေးမမှီသော စက်ကိရိယာများဖြင့် ကုသမိပါက ပါဝါအကုန်မပျောက်ပဲ မျက်မှန်ဆက်လက်တပ်ဆင်ရခြင်းမျိုးဖြစ်တတ်ပါသည်။
*** LASIK ဖြင့်မျက်စိ ပါဝါဖျောက်ခြင်းသည် မျက်လုံးမှန်ဘီလူး ချွတ်ယွင်းချက်အား ခွဲစိတ်ပြုပြင်ခြင်းဖြစ်ပါသောကြောင့် အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် ဖြစ်ပေါ်တတ်သော အတွင်းတိမ်ဆိုးရွားလာပါက နောင်တချိန်တွင် မျက်စိမှန်ဘီလူးအစားထိုးလဲလှယ်ခြင်း ပြုလုပ်ရတတ်ပါသည်။
မျက်စိသည် သင့်အတွက် မရှိမဖြစ်အရေးပါသော ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်သည့်အတွက်…
LASIK အပါအ၀င် သင့်မျက်လုံးနှင့်ပတ်သက်သော ရောဂါအ၀၀ကို နောက်ဆုံးပေါ်စက်ကိရိယာများနှင့် စေတနာရှေ့ထား အထူးကျွမ်းကျင်သော သမားတော်ကြီးများရှိရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၀ိဖ၀တီအပြည်ပြည်ဆိုင်ရာဆေးရုံကြီး၏ LASIK နှင့် Eye Center တွင် ကုသမှုခံယူလိုက်ကြပါစို့ …
……..