• 09954562222Emergency Line
  • အမွတ္ ၈၀ C ၊ က်ိဳက္ဝိုင္းဘုရားလမ္း၊ မရမ္းကုန္းၿမိဳ ့နယ္၊ ရန္ကုန္ၿမိဳ ့

ေသြးတိုးေရာဂါေၾကာင့္ ေနာက္ဆက္တြဲအေနျဖင့္ ႏွလုံးႏွင့္ ေက်ာက္ကပ္တို႔ကို ထိခိုက္ပ်က္စီး ေစသည္။
ေသြးတိုးေရာဂါသည္ ကမၻာေပၚတြင္ ေသဆုံးမႈ ႏွင့္ မသန္စြမ္းျဖစ္မႈ တို႔၏ အဓိက အေၾကာင္းရင္းျဖစ္သည္။
ေသြးေပါင္ခ်ိန္ ပုံမွန္တိုင္းျခင္းျဖင့္ ေသြးတိုးေရာဂါကို လိုအပ္သလို ထိေရာက္စြာ ထိန္းခ်ဳပ္နိုင္သည္။
ေသြးေပါင္ခ်ိန္တိုင္း ကိရိယာ အမ်ိဳးမ်ိဳးရွိသည္။ ယခုေနာက္ပိုင္း digital blood pressure monitor အသုံးျပရ လြယ္ၿပီး မိမိဘာသာမိမိ တိုင္းနိုင္ေသာေၾကာင့္ အသုံးျပဳသူမ်ားလာသည္။
၎ digital blood pressure monitor ျဖင့္ မွန္ကန္ေသာ ေသြးေပါင္ခ်ိန္ ရေအာင္ ဘယ္လိုတိုင္းမလဲ။
 လက္ေမာင္းတြင္တိုင္းေသာ digital blood pressure monitor ကိုအသုံးျပဳပါ။ ၎ သည္ လက္ေကာက္ဝတ္တြင္ တိုင္းရေသာ digital blood pressure monitor ထက္ ပို၍ မွန္ကန္ေသာ အေျဖကို ေပးနိုင္သည္။
 ေသြးေပါင္ခ်ိန္ မတိုင္းမီ မိနစ္ ၃၀ အတြင္း ေဆးလိပ္မေသာက္ရ ၊ ေကာ္ဖီမေသာက္ရ ၊ ေလ့က်င့္ခန္း မလုပ္ရ။ ထိုအရာမ်ား ျပဳလုပ္ထားလၽွင္ မိနစ္ ၃၀ ခန႔္ေစာင့္ၿပီးမွ ေသြးေပါင္ခ်ိန္တိုင္းပါ။
 ဆီးအိမ္ တင္းမေနေစရ၊
 ၅ မိနစ္ခန႔္ ထိုင္၍ ေသခ်ာအနားယူၿပီးမွ ေသြးေပါင္ခ်ိန္တိုင္းပါ။
 ေနာက္မွီပါေသာ ခုံေပၚတြင္ မတ္မတ္ထိုင္ပါ ။ ေျခေထာက္မ်ားကို ၾကမ္းေပၚတြင္ ထိထားပါ။ ေျခေထာက္ႏွစ္ဘက္ ခ်ိတ္မထိုင္ရ။
 ေသြးေပါင္ခ်ိန္ တိုင္းမည့္ လက္ေမာင္းကို ႏွလုံးႏွင့္ အျမင့္တစ္ညီတည္းရွိေသာ မ်က္ႏွာျပင္ညီ (စားပြဲ) ေပၚ တြင္ တင္ထားပါ ။ လက္ကို သက္ေတာင့္သက္သာ အေနအထားတြင္ ထားပါ။
 ေန႔စဥ္ အခ်ိန္မွန္မွန္ (ေန႔စဥ္ နံနက္တိုင္း သို႔ ညတိုင္း) တိုင္းပါ။
 စကားေျပာလၽွင္ ေသြးေပါင္ခ်ိန္ တက္တတ္သျဖင့္ ေသြးေပါင္ခ်ိန္ တိုင္းေနစဥ္ စကားမေျပာရ။
 ေသြးေပါင္ခ်ိန္တိုင္းသည့္ လက္ပတ္ကို အက်ီလက္ကို မ,တင္ၿပီးမွ ပတ္ရမည္။ မတင္းလြန္း မၾကပ္လြန္း လက္ညႇိုးထိပ္ ထည့္သြင္း၍ ရသည့္အေနအထားျဖစ္ေအာင္ ပတ္ရမည္။
 လက္ပတ္ကို လက္ေမာင္းေကြးႏွင့္ တစ္လက္မခန႔္အကြာတြင္ ထား၍ ပတ္ရမည္
 digital blood pressure monitor ၏ ညႊန္ၾကားခ်က္အတိုင္း လိုက္နာေဆာင္ရြက္ တိုင္းတာပါ။
 အမ်ားအားျဖင့္ ဗယ္ဘက္လက္ေမာင္းတြင္ တိုင္းေလ့ရွိသည္ ။ ဗယ္ႏွင့္ညာ ၁၀ သို႔ ၁၀ ေအာက္ကြာျခားျခင္းသည္ ပုံမွန္ျဖစ္သည္။
 စတိုင္းခါစတြင္ လက္ေမာင္း ၂ ဘက္စလုံးတိုင္းရမည္။ ေနာက္ပိုင္း၌ ေသြးေပါင္ခ်ိန္ ပိုမ်ားေသာ လက္ေမာင္းတြင္တိုင္းပါ
 ေသြးေပါင္ခ်ိန္တိုင္းလၽွင္ တစ္မိနစ္ခန႔္ျခား၍ ၂ ႀကိမ္ သို႔မဟုတ္ ၃ ႀကိမ္ တိုင္းသင့္သည္။ အေျဖမ်ားမွာ ၅ ထက္မ်ားလၽွင္ ထပ္၍တိုင္းၿပီး အေျဖအားလုံး၏ ပ်မ္းမၽွကို ေနာက္ဆုံးအေျဖအျဖစ္ သတ္မွတ္ရမည္။

သွေးတိုးရောဂါကြောင့် နောက်ဆက်တွဲအနေဖြင့် နှလုံးနှင့် ကျောက်ကပ်တို့ကို ထိခိုက်ပျက်စီး စေသည်။
သွေးတိုးရောဂါသည် ကမ္ဘာပေါ်တွင် သေဆုံးမှု နှင့် မသန်စွမ်းဖြစ်မှု တို့၏ အဓိက အကြောင်းရင်းဖြစ်သည်။
သွေးပေါင်ချိန် ပုံမှန်တိုင်းခြင်းဖြင့် သွေးတိုးရောဂါကို လိုအပ်သလို ထိရောက်စွာ ထိန်းချုပ်နိုင်သည်။
သွေးပေါင်ချိန်တိုင်း ကိရိယာ အမျိုးမျိုးရှိသည်။ ယခုနောက်ပိုင်း digital blood pressure monitor အသုံးပြရ လွယ်ပြီး မိမိဘာသာမိမိ တိုင်းနိုင်သောကြောင့် အသုံးပြုသူများလာသည်။
၎င်း digital blood pressure monitor ဖြင့် မှန်ကန်သော သွေးပေါင်ချိန် ရအောင် ဘယ်လိုတိုင်းမလဲ။
 လက်မောင်းတွင်တိုင်းသော digital blood pressure monitor ကိုအသုံးပြုပါ။ ၎င်း သည် လက်ကောက်ဝတ်တွင် တိုင်းရသော digital blood pressure monitor ထက် ပို၍ မှန်ကန်သော အဖြေကို ပေးနိုင်သည်။
 သွေးပေါင်ချိန် မတိုင်းမီ မိနစ် ၃၀ အတွင်း ဆေးလိပ်မသောက်ရ ၊ ကော်ဖီမသောက်ရ ၊ လေ့ကျင့်ခန်း မလုပ်ရ။ ထိုအရာများ ပြုလုပ်ထားလျှင် မိနစ် ၃၀ ခန့်စောင့်ပြီးမှ သွေးပေါင်ချိန်တိုင်းပါ။
 ဆီးအိမ် တင်းမနေစေရ၊
 ၅ မိနစ်ခန့် ထိုင်၍ သေချာအနားယူပြီးမှ သွေးပေါင်ချိန်တိုင်းပါ။
 နောက်မှီပါသော ခုံပေါ်တွင် မတ်မတ်ထိုင်ပါ ။ ခြေထောက်များကို ကြမ်းပေါ်တွင် ထိထားပါ။ ခြေထောက်နှစ်ဘက် ချိတ်မထိုင်ရ။
 သွေးပေါင်ချိန် တိုင်းမည့် လက်မောင်းကို နှလုံးနှင့် အမြင့်တစ်ညီတည်းရှိသော မျက်နှာပြင်ညီ (စားပွဲ) ပေါ် တွင် တင်ထားပါ ။ လက်ကို သက်တောင့်သက်သာ အနေအထားတွင် ထားပါ။
 နေ့စဉ် အချိန်မှန်မှန် (နေ့စဉ် နံနက်တိုင်း သို့ ညတိုင်း) တိုင်းပါ။
 စကားပြောလျှင် သွေးပေါင်ချိန် တက်တတ်သဖြင့် သွေးပေါင်ချိန် တိုင်းနေစဉ် စကားမပြောရ။
 သွေးပေါင်ချိန်တိုင်းသည့် လက်ပတ်ကို အကျီလက်ကို မ,တင်ပြီးမှ ပတ်ရမည်။ မတင်းလွန်း မကြပ်လွန်း လက်ညှိုးထိပ် ထည့်သွင်း၍ ရသည့်အနေအထားဖြစ်အောင် ပတ်ရမည်။
 လက်ပတ်ကို လက်မောင်းကွေးနှင့် တစ်လက်မခန့်အကွာတွင် ထား၍ ပတ်ရမည်
 digital blood pressure monitor ၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက် တိုင်းတာပါ။
 အများအားဖြင့် ဗယ်ဘက်လက်မောင်းတွင် တိုင်းလေ့ရှိသည် ။ ဗယ်နှင့်ညာ ၁၀ သို့ ၁၀ အောက်ကွာခြားခြင်းသည် ပုံမှန်ဖြစ်သည်။
 စတိုင်းခါစတွင် လက်မောင်း ၂ ဘက်စလုံးတိုင်းရမည်။ နောက်ပိုင်း၌ သွေးပေါင်ချိန် ပိုများသော လက်မောင်းတွင်တိုင်းပါ
 သွေးပေါင်ချိန်တိုင်းလျှင် တစ်မိနစ်ခန့်ခြား၍ ၂ ကြိမ် သို့မဟုတ် ၃ ကြိမ် တိုင်းသင့်သည်။ အဖြေများမှာ ၅ ထက်များလျှင် ထပ်၍တိုင်းပြီး အဖြေအားလုံး၏ ပျမ်းမျှကို နောက်ဆုံးအဖြေအဖြစ် သတ်မှတ်ရမည်။