Unicode
COVID-19: Coronavirus နှင့် ပတ်သက်သော အယူအဆမှားများ
COVID-19 သည် ရာသီတုပ်ကွေးလောက် ကြောက်စရာ မကောင်းပေ/ မပြင်းထန်ပေ
World Health Organization (WHO) အရ ရာသီတုပ်ကွေးကြောင့် နှစ်စဉ် လူ ၂ သိန်း ၉ သောင်း မှ ၆ သိန်းခွဲကြား သေဆုံးတိုင်သည်။ အချို့နှစ်များတွင် ပို၍ သေဆုံးမှုများနိုင်သည်။ ၁၉၁၈ ရာသီတုပ်ကွေး ကမ္ဘာ့ကပ်ကြီးတွင် ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ခန့် သေဆုံးခဲ့သည်။ ပညာရှင်များ၏ မှတ်တမ်းများအရ ရာသီတုပ်ကွေး၏ သေဆုံးနှုန်းမှာ ၀.၁ % ခန့်ရှိသည်။ COVID-19 ၏ သေဆုံးနှုန်းမှာမူ ၂ % ခန့်ရှိသည်။ အချို့ ပညာရှင်များက သေဆုံးနှုန်း ၁% ဟု ခန့်မှန်းသည်။ သို့သော် COVID-19 သည် သေမိန့်ချထားသော ရောဂါမဟုတ်ပေ။ ရောဂါကူးစက်ခံရသူ၏ ၈၀ % တွင် ရောဂါလက္ခဏာ မပြင်းထန်ပေ။ သို့သော် COVID-19 ၏ ကူးစက်မှုနှုန်းသည် ၂.၂ (COVID-19 ရှိနေသောလူတစ်ယောက်သည် အခြားလူ ၂.၂ ယောက်ကို ကူးစက်စေနိုင်သည် ။ ရာသီတုပ်ကွေး၏ ကူးစက်မှုနှုန်းမှာ ၁.၃ သာရှိသည်။
နှာခေါင်းစည်းက COVID-19 ရောဂါမကူးစက်အောင် ကာကွယ်ပေးနိုင်တယ်
သာမန်လူတစ်ယောက် နှာခေါင်းစည်းတပ်ခြင်းဖြင့် ရောဂါ မကူးအောင် ကာကွယ်၍ မရပါ။ ရောဂါကူးစက်ခံထားရသူနှင့် ၎င်းကို ပြုစုစောင့်ရှောက်နေသူများကမူ ဝတ်ဆင်ရန် လိုသည်။ နှာခေါင်းစည်းတပ်ခြင်းဖြင့် တပ်ဆင်သူကိုယ်တိုင်ထက် ပတ်ဝန်းကျင်မှ လူများဆီသို့ ရောဂါပိုးမွှားအမှုံများ လွင့်စင်ရောက်ရှိသွားခြင်းမှ ကာကွယ်ပေးသည်။ သို့သော် နှာခေါင်းစည်းသည်
ရောဂါပိုးမွှားအမှုံများ ပါးစပ်နှင့်နှာခေါင်း အတွင်းသို့ မရောက်အောင် ကာကွယ် မပေးနိုင်ပါ။ နှာခေါင်းစည်းတပ်ခြင်းကြောင့် မျက်နှာကိုကိုင်တွယ်မိရန် အခွင့်ပိုများပြီး ရောဂါကူးစက်မှု အန္တရာယ်ပိုများနိုင်သည်။
လက်ဆေးခြင်းသည် ရောဂါကူးစက်ခြင်းကို ကာကွယ်ရန်အတွက် မထိရောက်ပါ
စနစ်တကျ သေသေချာချာ လက်ဆေးခြင်းသည် ရောဂါကူးစက်ခြင်းကို ကာကွယ်သည့် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။ WHO အဖွဲ့အစည်းမှစက္ကန့် ၂၀ ကြာ သေသေချာချာ လက်ဆေးခြင်းဖြင့် COVID-19 အပါအဝင် အခြား ရောဂါပိုးများကို ကာကွယ်နိုင်သည်ဟု အကြံပြုသည်။
ဆပ်ပြာ နှင့် လက်ကို သေချာဆေးပါ။ သန့်ရှင်းသော တစ်ခါသုံး တစ်ရှူး သို့မဟုတ် hand drier နှင့် အခြောက်ခံပါ။
ရေနှင့်ဆပ်ပြာ အလွယ်တကူ မရနိုင်လျှင် hand sanitizer နှင့် လက်ကို သန့်စင်ပါ။ အယ်လ်ကိုဟော် အနည်းဆုံး ၆၀ % နှင့် အထက် ပါသော hand sanitizer သည် ရောဂါပိုးများကို သေစေနိုင်သည်။ မျက်နှာ ပါးစပ် နှာခေါင်းနှင့် မျက်လုံးတို့ကို ကိုက်မည့်အခါတိုင်း hand sanitizer နှင့် လက်ကို သန့်စင်ပါ။ အများအားဖြင့် ကိုင်တွယ်ရသော တံခါးလက်ကိုင် လှေကားလက်ရမ်း စားပွဲမျက်နှာ ်ပြင်တို့ကို သေချာသန့်စင်ပါ။
COVID-19 ကိုထိန်းချုပ်ရန် နည်းလမ်းမရှိပါ
လိုအပ်ပါက အစိုးရ အဖွဲ့အစည်းများက ကူးစက်မှုကို ထိန်းချုပ်ရန် လူများလိုက်နာရမည့် အောက်ပါ နည်းလမ်းများကို ချမှတ်လေ့ရှိသည် ။
ရောဂါကူးစက်ခံရသူကို အများနှင့် မရောဘဲ သီးသန့်ထားခြင်း
ခရီးသွားလာခြင်းကို တားဆီးပိတ်ပင်ခြင်း
ကျောင်းနှင့် အလုပ်များပိတ်ခြင်း
??? ဘယ်လိုလူတွေက အများနှင့် မရောဘဲ သီးသန့် ထားဖို့ /နေဖို့လိုမလဲ
COVID-19 ရှိမရှိ ဓာတ်ခွဲစစ်ဆေးထားသော အဖြေစောင့်နေသူများ
ရောဂါကူးစက်ခံရသူနှင့် အနီးကပ်နေခဲ့သူများ
လွန်ခဲ့သော ၁၄ ရက်အတွင်း သတ်မှတ်ထားသော နေရာများ (taly (outside specific areas in Northern Italy) before 9thMarch , Mainland China outside of Hubei Province, South Korea outside of Daegu, Cheongdo and Gyeongsan, Cambodia, Hong Kong, Japan, Laos, Macau, Malaysia, Singapore) မှ ပြန်လာသူများ (ရောဂါလက္ခဏာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ)
??? အများနှင့် မရောဘဲ အိမ်တွင် သီးသန့်နေခိုင်းလျှင် လိုက်နာရမည့် အချက်များ
အိမ်မှာနေပါ
အလုပ် ၊ ကျောင်း, လူအများသွားသော နေရာများသို့ မသွားရ။
အများသုံး ပို့ဆောင်ရေး (ဘတ်စ်ကား ၊ ရထား ၊ တက်စီ) မစီးရ
အိမ်သို့ ဧည့်သည် မလာခိုင်းရ
ကလေးအကြိုအပို့ လုပ်ရန် နှင့် အခြားအလုပ်များကို မိမိကိုယ်စား အခြားမိသားစုဝင်များ မိတ်ဆွေများကို လုပ်ခိုင်းပါ။
delivery services မှတဆင့် ဆေးနှင့် အစားအသောက်များ ဝယ်ပါ ။ လာပို့သောအခါ မိမိလက်ထဲသို့ မထည့်စေဘဲ တံခါးဝ၌ ထားခဲ့ခိုင်းပါ။
မိမိတွင် COVID-19 မကူးစက်နိုင်ပါ
ကာကွယ်သော နည်းလမ်းများကို မလိုက်နာပါက မည်သူမဆို ကူးစက်နိုင်သော အလားအလာရှိသည်။ အချို့သူများ (အသက်အရွယ်ကြီးသူများ
ဆီးချို ၊ သွေးတိုး ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ကင်ဆာရောဂါ နှင့် အခြား နာတာရှည် ရောဂါရှိနေသူများ) တွင် ရောဂါလက္ခဏာ ပိုမိုပြင်းထန်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်သည်။
စစ်တမ်းများအရ အမျိုးသားများသည် အမျိုးသမီးများထက် သေဆုံးနှုန်း ပိုမြင့်သည် (အမျိုးသား သေဆုံးနှုန်း ၂.၈% ဖြစ်ပြီး အမျိုးသမီး သေဆုံးနှုန်း ၁.ရ% ရှိသည်)
အိမ်မွေးတိရစ္ဆာန်များမှ COVID-19 ကူးစက်နိုင်သည်
WHO အရ အိမ်မွေးတိရစ္ဆာန်များမှ COVID-19 ကူးစက်နိုင်သော သက်သေ အထောက်အထား မရှိသေးပါ
Zawgyi
COVID-19: Coronavirus ႏွင့္ ပတ္သက္ေသာ အယူအဆမွားမ်ား
COVID-19 သည္ ရာသီတုပ္ေကြးေလာက္ ေၾကာက္စရာ မေကာင္းေပ/ မျပင္းထန္ေပ
World Health Organization (WHO) အရ ရာသီတုပ္ေကြးေၾကာင့္ ႏွစ္စဥ္ လူ ၂ သိန္း ၉ ေသာင္း မွ ၆ သိန္းခြဲၾကား ေသဆုံးတိုင္သည္။ အခ်ိဳ႕ႏွစ္မ်ားတြင္ ပို၍ ေသဆုံးမႈမ်ားႏိုင္သည္။ ၁၉၁၈ ရာသီတုပ္ေကြး ကမာၻ႔ကပ္ႀကီးတြင္ ကမာၻ႔လူဦးေရ၏ တစ္ဝက္ခန႔္ ေသဆုံးခဲ့သည္။ ပညာရွင္မ်ား၏ မွတ္တမ္းမ်ားအရ ရာသီတုပ္ေကြး၏ ေသဆုံးႏႈန္းမွာ ၀.၁ % ခန႔္ရွိသည္။ COVID-19 ၏ ေသဆုံးႏႈန္းမွာမူ ၂ % ခန႔္ရွိသည္။ အခ်ိဳ႕ ပညာရွင္မ်ားက ေသဆုံးႏႈန္း ၁% ဟု ခန႔္မွန္းသည္။ သို႔ေသာ္ COVID-19 သည္ ေသမိန႔္ခ်ထားေသာ ေရာဂါမဟုတ္ေပ။ ေရာဂါကူးစက္ခံရသူ၏ ၈၀ % တြင္ ေရာဂါလကၡဏာ မျပင္းထန္ေပ။ သို႔ေသာ္ COVID-19 ၏ ကူးစက္မႈႏႈန္းသည္ ၂.၂ (COVID-19 ရွိေနေသာလူတစ္ေယာက္သည္ အျခားလူ ၂.၂ ေယာက္ကို ကူးစက္ေစႏိုင္သည္ ။ ရာသီတုပ္ေကြး၏ ကူးစက္မႈႏႈန္းမွာ ၁.၃ သာရွိသည္။
ႏွာေခါင္းစည္းက COVID-19 ေရာဂါမကူးစက္ေအာင္ ကာကြယ္ေပးႏိုင္တယ္
သာမန္လူတစ္ေယာက္ ႏွာေခါင္းစည္းတပ္ျခင္းျဖင့္ ေရာဂါ မကူးေအာင္ ကာကြယ္၍ မရပါ။ ေရာဂါကူးစက္ခံထားရသူႏွင့္ ၎ကို ျပဳစုေစာင့္ေရွာက္ေနသူမ်ားကမူ ဝတ္ဆင္ရန္ လိုသည္။ ႏွာေခါင္းစည္းတပ္ျခင္းျဖင့္ တပ္ဆင္သူကိုယ္တိုင္ထက္ ပတ္ဝန္းက်င္မွ လူမ်ားဆီသို႔ ေရာဂါပိုးမႊားအမႈံမ်ား လြင့္စင္ေရာက္ရွိသြားျခင္းမွ ကာကြယ္ေပးသည္။ သို႔ေသာ္ ႏွာေခါင္းစည္းသည္
ေရာဂါပိုးမႊားအမႈံမ်ား ပါးစပ္ႏွင့္ႏွာေခါင္း အတြင္းသို႔ မေရာက္ေအာင္ ကာကြယ္ မေပးႏိုင္ပါ။ ႏွာေခါင္းစည္းတပ္ျခင္းေၾကာင့္ မ်က္ႏွာကိုကိုင္တြယ္မိရန္ အခြင့္ပိုမ်ားၿပီး ေရာဂါကူးစက္မႈ အႏၲရာယ္ပိုမ်ားႏိုင္သည္။
လက္ေဆးျခင္းသည္ ေရာဂါကူးစက္ျခင္းကို ကာကြယ္ရန္အတြက္ မထိေရာက္ပါ
စနစ္တက် ေသေသခ်ာခ်ာ လက္ေဆးျခင္းသည္ ေရာဂါကူးစက္ျခင္းကို ကာကြယ္သည့္ အေကာင္းဆုံး နည္းလမ္းတစ္ခု ျဖစ္သည္။ WHO အဖြဲ႕အစည္းမွစကၠန္႔ ၂၀ ၾကာ ေသေသခ်ာခ်ာ လက္ေဆးျခင္းျဖင့္ COVID-19 အပါအဝင္ အျခား ေရာဂါပိုးမ်ားကို ကာကြယ္ႏိုင္သည္ဟု အႀကံျပဳသည္။
ဆပ္ျပာ ႏွင့္ လက္ကို ေသခ်ာေဆးပါ။ သန႔္ရွင္းေသာ တစ္ခါသုံး တစ္ရႉး သို႔မဟုတ္ hand drier ႏွင့္ အေျခာက္ခံပါ။
ေရႏွင့္ဆပ္ျပာ အလြယ္တကူ မရႏိုင္လွ်င္ hand sanitizer ႏွင့္ လက္ကို သန႔္စင္ပါ။ အယ္လ္ကိုေဟာ္ အနည္းဆုံး ၆၀ % ႏွင့္ အထက္ ပါေသာ hand sanitizer သည္ ေရာဂါပိုးမ်ားကို ေသေစႏိုင္သည္။ မ်က္ႏွာ ပါးစပ္ ႏွာေခါင္းႏွင့္ မ်က္လုံးတို႔ကို ကိုက္မည့္အခါတိုင္း hand sanitizer ႏွင့္ လက္ကို သန႔္စင္ပါ။ အမ်ားအားျဖင့္ ကိုင္တြယ္ရေသာ တံခါးလက္ကိုင္ ေလွကားလက္ရမ္း စားပြဲမ်က္ႏွာ ္ျပင္တို႔ကို ေသခ်ာသန႔္စင္ပါ။
COVID-19 ကိုထိန္းခ်ဳပ္ရန္ နည္းလမ္းမရွိပါ
လိုအပ္ပါက အစိုးရ အဖြဲ႕အစည္းမ်ားက ကူးစက္မႈကို ထိန္းခ်ဳပ္ရန္ လူမ်ားလိုက္နာရမည့္ ေအာက္ပါ နည္းလမ္းမ်ားကို ခ်မွတ္ေလ့ရွိသည္ ။
ေရာဂါကူးစက္ခံရသူကို အမ်ားႏွင့္ မေရာဘဲ သီးသန႔္ထားျခင္း
ခရီးသြားလာျခင္းကို တားဆီးပိတ္ပင္ျခင္း
ေက်ာင္းႏွင့္ အလုပ္မ်ားပိတ္ျခင္း
??? ဘယ္လိုလူေတြက အမ်ားႏွင့္ မေရာဘဲ သီးသန္႔ ထားဖို႔ /ေနဖို႔လိုမလဲ
COVID-19 ရွိမရွိ ဓာတ္ခြဲစစ္ေဆးထားေသာ အေျဖေစာင့္ေနသူမ်ား
ေရာဂါကူးစက္ခံရသူႏွင့္ အနီးကပ္ေနခဲ့သူမ်ား
လြန္ခဲ့ေသာ ၁၄ ရက္အတြင္း သတ္မွတ္ထားေသာ ေနရာမ်ား (taly (outside specific areas in Northern Italy) before 9thMarch , Mainland China outside of Hubei Province, South Korea outside of Daegu, Cheongdo and Gyeongsan, Cambodia, Hong Kong, Japan, Laos, Macau, Malaysia, Singapore) မွ ျပန္လာသူမ်ား (ေရာဂါလကၡဏာ ရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ)
??? အမ်ားႏွင့္ မေရာဘဲ အိမ္တြင္ သီးသန႔္ေနခိုင္းလွ်င္ လိုက္နာရမည့္ အခ်က္မ်ား
အိမ္မွာေနပါ
အလုပ္ ၊ ေက်ာင္း, လူအမ်ားသြားေသာ ေနရာမ်ားသို႔ မသြားရ။
အမ်ားသုံး ပို႔ေဆာင္ေရး (ဘတ္စ္ကား ၊ ရထား ၊ တက္စီ) မစီးရ
အိမ္သို႔ ဧည့္သည္ မလာခိုင္းရ
ကေလးအႀကိဳအပို႔ လုပ္ရန္ ႏွင့္ အျခားအလုပ္မ်ားကို မိမိကိုယ္စား အျခားမိသားစုဝင္မ်ား မိတ္ေဆြမ်ားကို လုပ္ခိုင္းပါ။
delivery services မွတဆင့္ ေဆးႏွင့္ အစားအေသာက္မ်ား ဝယ္ပါ ။ လာပို႔ေသာအခါ မိမိလက္ထဲသို႔ မထည့္ေစဘဲ တံခါးဝ၌ ထားခဲ့ခိုင္းပါ။
မိမိတြင္ COVID-19 မကူးစက္ႏိုင္ပါ
ကာကြယ္ေသာ နည္းလမ္းမ်ားကို မလိုက္နာပါက မည္သူမဆို ကူးစက္ႏိုင္ေသာ အလားအလာရွိသည္။ အခ်ိဳ႕သူမ်ား (အသက္အ႐ြယ္ႀကီးသူမ်ား
ဆီးခ်ိဳ ၊ ေသြးတိုး ၊ ႏွလုံးေရာဂါ၊ အသက္ရႉလမ္းေၾကာင္းေရာဂါ၊ ကင္ဆာေရာဂါ ႏွင့္ အျခား နာတာရွည္ ေရာဂါရွိေနသူမ်ား) တြင္ ေရာဂါလကၡဏာ ပိုမိုျပင္းထန္ၿပီး အသက္အႏၲရာယ္ ထိခိုက္ႏိုင္သည္။
စစ္တမ္းမ်ားအရ အမ်ိဳးသားမ်ားသည္ အမ်ိဳးသမီးမ်ားထက္ ေသဆုံးႏႈန္း ပိုျမင့္သည္ (အမ်ိဳးသား ေသဆုံးႏႈန္း ၂.၈% ျဖစ္ၿပီး အမ်ိဳးသမီး ေသဆုံးႏႈန္း ၁.ရ% ရွိသည္)
အိမ္ေမြးတိရစာၦန္မ်ားမွ COVID-19 ကူးစက္ႏိုင္သည္
WHO အရ အိမ္ေမြးတိရစာၦန္မ်ားမွ COVID-19 ကူးစက္ႏိုင္ေသာ သက္ေသ အေထာက္အထား မရွိေသးပါ