• 09954562222Emergency Line
  • အမွတ္ ၈၀ C ၊ က်ိဳက္ဝိုင္းဘုရားလမ္း၊ မရမ္းကုန္းၿမိဳ ့နယ္၊ ရန္ကုန္ၿမိဳ ့

unicode

ယခုအချိန်တွင် လူများမှာ COVID-19 ကပ်ရောဂါအတွက် စိုးရိမ်ကြောင့်ကြနေကြသည်။ လူငယ်နှင့် ကလေးများသည် ရောဂါကို ကြောက်ရွံ့မှုနှင့် စိုးရိမ်သောကတို့ကို ကြံ့ကြံ့ခိုင်ကျော်လွှားနိုင်သည်။ စိုးရိမ်ကြောင့်ကြမှုကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် သင်ချစ်သော လူများနှင့် သင့်ပတ်ဝန်းကျင်အတွက် အားရှိလုံခြုံစေသည်။
မိမိ၏ နောက်ခံအခြေအနေ ၊ မိမိ ပတ်ဝန်းကျင် နှင့် မိမိ၏ အကျင့်ဗီဇ ပေါ်မူတည်၍ လူတစ်ဦးနှင့် တစ်ဦး စိုးရိမ်သောကအပေါ် တုံ့ပြန်ပုံမတူနိုင်ပေ။
COVID-19 ရောဂါနှင့် ပတ်သက်၍ ကြောက်ရွံ့စိုးရိမ်မှု ပုံစံအမျိုးမျိုးရှိနိုင်သည်။ ကြောက်ရွံ့စိုးရိမ်မှု လက္ခဏာများမှာ
 မိမိအတွက် စိုးရိမ်ခြင်း
 မိသားစုဝင်များ နှင့် မိမိချစ်ရသူများ အတွက် စိုးရိမ်ခြင်း
 မယုံကြည်ခြင်း
 စားသောက်မှု နှင့် အိပ်စက်မှု ပုံစံ ပြောင်းလဲလာခြင်း
 မိမိ၏ စွမ်းဆောင်ရည် ပြောင်းလဲလာခြင်း
 အိပ်ပျော်ရန် ခက်ခဲခြင်း ၊ အိပ်မက်ဆိုးများမက်ခြင်း
 စိတ်မချမ်းသာစရာကောင်းသော အတွေးများတွေးမိခြင်း ၊ စိတ်မချမ်းသာစရာကောင်းသော ပုံများမြင်နေခြင်း
 တစ်ခုခုကို အာရုံစူးစိုက်၍ မရခြင်း
 စိတ်တိုဒေါသထွက်လွယ်ခြင်း
 ရှိရင်းစွဲ ရောဂါ၏ ဝေဒနာ လက္ခဏာများ ပြင်းထန်လာခြင်း
 ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း ၊ ဗိုက်အောင့်ခြင်း
 ဆေးလိပ် ၊ အရက်နှင့် မူးယစ်ဆေးသုံးစွဲမှု ပိုများလာခြင်း

မိမိကိုယ်ကို ဂရုစိုက်ခြင်း ၊ မိမိ မိသားစုနှင့် မိတ်ဆွေများကို ဂရုစိုက်ခြင်းဖြင့် မိမိ၏ ကြောက်ရွံ့စိုးရိမ်မှုကို လျော့နည်းအောင်ပြုလုပ်နိုင်သည်။ ထို့ပြင် အောက်ပါ အလေ့အကျင့်တို့ဖြင့် မိမိစိတ်ကို မြှင့်တင်အားပေးနိုင်သည်။
ခိုင်လုံသော သတင်းဌာနမှ နောက်ဆုံးရ သတင်းများကို စောင့်ကြည့်နားထောင်ပါ ။ သို့သော် သတင်းအမှားများ ကောလဟလများကို သတိပြုပါ။ ခိုင်လုံသော သတင်းဌာနမှ သတင်းဟုတ် မဟုတ် စစ်ဆေးပါ။
သို့ရာတွင် Facebook အပါအဝင် COVID-19 ရောဂါနှင့် ပတ်သက်သော သတင်းများ ကြည့်ခြင်း ဖတ်ခြင်း နားထောင်ခြင်းတို့ကို ဆက်တိုက်မလုပ်ဘဲ ခဏ နားပါ (COVID-19 ရောဂါနှင့် ပတ်သက်သော သတင်းများကို ထပ်ခါထပ်ခါ ကြားလျှင် မိမိ စိတ်မချမ်းမသာ ဖြစ်ရမည်)

မိမိကိုယ်ကို ဂရုစိုက်ပါ ။ အသက်ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်ပါ ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ၊ ကျန်းမာရေးနှင့် ညီညွတ်သော အစာများကို မျှတအောင်စားပါ။ အိပ်ရေးဝဝ အိပ်ပါ။ အရက်နှင့် မူးယစ်ဆေး မသုံးပါနှင့်။
အပန်းဖြေဖို့ အချိန်ယူပါ။ မိမိစိတ်ကို ပျော်စေသည့် အရာများလုပ်ပါ။
မိတ်ဆွေများနှင့် ဆက်သွယ်စကားပြောပါ။ အားပေးပါ။ မိမိ၏ စိတ်ပူပင်မှုများ စိတ်ခံစားမှုများကို မိမိယုံကြည်သူများအား ပြောပြပါ။
COVID-19 ရောဂါနှင့် ပတ်သက်သော သတင်းအမှန်များကို မျှဝေပါ။ ဤသို့မျှဝေခြင်းဖြင့် မိမိပတ်ဝန်းကျင်ရှိ လူများကို စိုးရိမ်ပူပန်မှု လျော့နည်းစေသည်။ ထို့ပြင်မိမိပတ်ဝန်းကျင်ရှိ လူများနှင့် အဆက်အသွယ် ရှိစေသည်။
တစ်ဦးနှင့်တစ်ဦး ဖေးမပါ။ စာနာပါ။
လိုအပ်လျှင် သက်ဆိုင်ရာ စိတ်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပါ။
သတင်းကောင်းများ (COVID-19 ဖြစ်ပြီး ပြန်ကောင်းလာခြင်း ၊ လူနာ အသစ်ထပ်မတွေ့ခြင်း) စသည်တို့ကို ဖတ်ပြီး အကောင်းမြင်သော အတွေးတွေးပါ။

မြန်မာပြည်သူပြည်သားများ COVID-19 မှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ
ကမ္ဘာကြီး အမြန်ဆုံးအေးချမ်းနိုင်ပါစေ

zawgyi
ယခုအခ်ိန္တြင္ လူမ်ားမွာ COVID-19 ကပ္ေရာဂါအတြက္ စိုးရိမ္ေၾကာင့္ၾကေနၾကသည္။ လူငယ္ႏွင့္ ကေလးမ်ားသည္ ေရာဂါကို ေၾကာက္႐ြံ႕မႈႏွင့္ စိုးရိမ္ေသာကတို႔ကို ႀကံ့ႀကံ့ခိုင္ေက်ာ္လႊားႏိုင္သည္။ စိုးရိမ္ေၾကာင့္ၾကမႈကို ႏိုင္ႏိုင္နင္းနင္း ကိုင္တြယ္ေျဖရွင္းျခင္းျဖင့္ သင္ခ်စ္ေသာ လူမ်ားႏွင့္ သင့္ပတ္ဝန္းက်င္အတြက္ အားရွိလုံၿခဳံေစသည္။
မိမိ၏ ေနာက္ခံအေျခအေန ၊ မိမိ ပတ္ဝန္းက်င္ ႏွင့္ မိမိ၏ အက်င့္ဗီဇ ေပၚမူတည္၍ လူတစ္ဦးႏွင့္ တစ္ဦး စိုးရိမ္ေသာကအေပၚ တုံ႔ျပန္ပုံမတူႏိုင္ေပ။
COVID-19 ေရာဂါႏွင့္ ပတ္သက္၍ ေၾကာက္႐ြံ႕စိုးရိမ္မႈ ပုံစံအမ်ိဳးမ်ိဳးရွိႏိုင္သည္။ ေၾကာက္႐ြံ႕စိုးရိမ္မႈ လကၡဏာမ်ားမွာ
 မိမိအတြက္ စိုးရိမ္ျခင္း
 မိသားစုဝင္မ်ား ႏွင့္ မိမိခ်စ္ရသူမ်ား အတြက္ စိုးရိမ္ျခင္း
 မယုံၾကည္ျခင္း
 စားေသာက္မႈ ႏွင့္ အိပ္စက္မႈ ပုံစံ ေျပာင္းလဲလာျခင္း
 မိမိ၏ စြမ္းေဆာင္ရည္ ေျပာင္းလဲလာျခင္း
 အိပ္ေပ်ာ္ရန္ ခက္ခဲျခင္း ၊ အိပ္မက္ဆိုးမ်ားမက္ျခင္း
 စိတ္မခ်မ္းသာစရာေကာင္းေသာ အေတြးမ်ားေတြးမိျခင္း ၊ စိတ္မခ်မ္းသာစရာေကာင္းေသာ ပုံမ်ားျမင္ေနျခင္း
 တစ္ခုခုကို အာ႐ုံစူးစိုက္၍ မရျခင္း
 စိတ္တိုေဒါသထြက္လြယ္ျခင္း
 ရွိရင္းစြဲ ေရာဂါ၏ ေဝဒနာ လကၡဏာမ်ား ျပင္းထန္လာျခင္း
 ေခါင္းကိုက္ျခင္း၊ ကိုယ္လက္နာက်င္ကိုက္ခဲျခင္း ၊ ဗိုက္ေအာင့္ျခင္း
 ေဆးလိပ္ ၊ အရက္ႏွင့္ မူးယစ္ေဆးသုံးစြဲမႈ ပိုမ်ားလာျခင္း

မိမိကိုယ္ကို ဂ႐ုစိုက္ျခင္း ၊ မိမိ မိသားစုႏွင့္ မိတ္ေဆြမ်ားကို ဂ႐ုစိုက္ျခင္းျဖင့္ မိမိ၏ ေၾကာက္႐ြံ႕စိုးရိမ္မႈကို ေလ်ာ့နည္းေအာင္ျပဳလုပ္ႏိုင္သည္။ ထို႔ျပင္ ေအာက္ပါ အေလ့အက်င့္တို႔ျဖင့္ မိမိစိတ္ကို ျမႇင့္တင္အားေပးႏိုင္သည္။
ခိုင္လုံေသာ သတင္းဌာနမွ ေနာက္ဆုံးရ သတင္းမ်ားကို ေစာင့္ၾကည့္နားေထာင္ပါ ။ သို႔ေသာ္ သတင္းအမွားမ်ား ေကာလဟလမ်ားကို သတိျပဳပါ။ ခိုင္လုံေသာ သတင္းဌာနမွ သတင္းဟုတ္ မဟုတ္ စစ္ေဆးပါ။
သို႔ရာတြင္ Facebook အပါအဝင္ COVID-19 ေရာဂါႏွင့္ ပတ္သက္ေသာ သတင္းမ်ား ၾကည့္ျခင္း ဖတ္ျခင္း နားေထာင္ျခင္းတို႔ကို ဆက္တိုက္မလုပ္ဘဲ ခဏ နားပါ (COVID-19 ေရာဂါႏွင့္ ပတ္သက္ေသာ သတင္းမ်ားကို ထပ္ခါထပ္ခါ ၾကားလွ်င္ မိမိ စိတ္မခ်မ္းမသာ ျဖစ္ရမည္)

မိမိကိုယ္ကို ဂ႐ုစိုက္ပါ ။ အသက္ျပင္းျပင္းရႉသြင္း ရႉထုတ္လုပ္ပါ ။ ေလ့က်င့္ခန္းပုံမွန္လုပ္ပါ၊ က်န္းမာေရးႏွင့္ ညီၫြတ္ေသာ အစာမ်ားကို မွ်တေအာင္စားပါ။ အိပ္ေရးဝဝ အိပ္ပါ။ အရက္ႏွင့္ မူးယစ္ေဆး မသုံးပါႏွင့္။
အပန္းေျဖဖို႔ အခ်ိန္ယူပါ။ မိမိစိတ္ကို ေပ်ာ္ေစသည့္ အရာမ်ားလုပ္ပါ။
မိတ္ေဆြမ်ားႏွင့္ ဆက္သြယ္စကားေျပာပါ။ အားေပးပါ။ မိမိ၏ စိတ္ပူပင္မႈမ်ား စိတ္ခံစားမႈမ်ားကို မိမိယုံၾကည္သူမ်ားအား ေျပာျပပါ။
COVID-19 ေရာဂါႏွင့္ ပတ္သက္ေသာ သတင္းအမွန္မ်ားကို မွ်ေဝပါ။ ဤသို႔မွ်ေဝျခင္းျဖင့္ မိမိပတ္ဝန္းက်င္ရွိ လူမ်ားကို စိုးရိမ္ပူပန္မႈ ေလ်ာ့နည္းေစသည္။ ထို႔ျပင္မိမိပတ္ဝန္းက်င္ရွိ လူမ်ားႏွင့္ အဆက္အသြယ္ ရွိေစသည္။
တစ္ဦးႏွင့္တစ္ဦး ေဖးမပါ။ စာနာပါ။
လိုအပ္လွ်င္ သက္ဆိုင္ရာ စိတ္ပညာရွင္မ်ားႏွင့္ တိုင္ပင္ေဆြးေႏြးပါ။
သတင္းေကာင္းမ်ား (COVID-19 ျဖစ္ၿပီး ျပန္ေကာင္းလာျခင္း ၊ လူနာ အသစ္ထပ္မေတြ႕ျခင္း) စသည္တို႔ကို ဖတ္ၿပီး အေကာင္းျမင္ေသာ အေတြးေတြးပါ။

ျမန္မာျပည္သူျပည္သားမ်ား COVID-19 မွ အျမန္ဆုံးလြတ္ေျမာက္ႏိုင္ပါေစ
ကမာၻႀကီး အျမန္ဆုံးေအးခ်မ္းႏိုင္ပါေစ