• 09954562222Emergency Line
  • အမှတ် ၈၀ C ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်မြို့ 
သွေးတွင်းကိုလက်စထရော မြင့်မားစေသော အကြောင်းအရာများစွာရှိသည်။ ထိုအချက်များထဲမှ မျိုးရိုးလိုက်ခြင်း ၊ အသက်အရွယ် ၊ ဇာတိမျိုးနွယ် ၊ ယောက်ျား မိန်းမ ကွဲပြားမှု စသည်တို့ကို မပြောင်းလဲနိုင်ပါ။ သို့သော် သွေးတွင်းကိုလက်စထရော မြင့်မားစေသည့် ပြည့်ဝဆီများသော အစားအသောက်၊ ကိုယ်အလေးချိန် များခြင်း နှင့် အရက်အလွန်အကျွံသောက်ခြင်း စသည့် လူနေမှုပုံစံများကိုမူ ပြောင်းလဲပြုပြင်နိုင်သည် ။
သွေးတွင်းကိုလက်စထရော မြင့်မားခြင်းကြောင့် နှလုံးရောဂါ ၊ သွေးကြောပိတ်ဆို့မှု နှင့် လေဖြတ်ခြင်း တို့ဖြစ်နိုင်သည်။ သို့သော် ခန္ဓာကိုယ်တွင် အချို့ဗီတာမင်နှင့် ဟော်မုန်းများ သည်းခြေရည် ထုတ်လုပ်ရန် ကိုလက်စထရော လိုအပ်သည်။
ခန္ဓာကိုယ်တွ်င low-density lipoprotein (LDL) and high-density lipoprotein (HDL)ဟူ၍ ကိုလက်စထရော ၂ မျိုးရှိသည်။ LDL ခေါ် ‘bad’ cholesterol သည် သွေးတွင်း၌ ကိုလက်စထရောကို အဓိက သယ်ယူပို့ဆောင်ပြီး ပမာဏများလာပါက သွေးကြောပိတ်ဆို့စေသည်။ HDL ခေါ် ‘good’ cholesterol သည် သွေးတွင်း၌ ပိုလျှံနေသော ကိုလက်စထရောကို အသည်းဆီသို့ ပို့ဆောင်ပေးခြင်းဖြင့် သွေးတွင်းအဆီဓာတ်ကို ထိန်းပေးသည်။
ထို့ကြောင့် သွေးတွင်း၌ ‘bad’ cholesterol ပမာဏ နည်းပြီး ‘good’ cholesterol ပမာဏ လုံလောက်စွာရှိရန် အရေးကြီးသည်။
အစားအသောက်နှင့် ဘဝနေထိုင်မှုပုံစံ ပြောင်းလဲခြင်းသည် ကိုလက်စထရော လျှော့ချရန် အဓိကသော့ချက်ဖြစ်သည်။ အချို့လူများတွင် စားသောက် နေထိုင်မှုပုံစံ ပြောင်းလဲခြင်း လုပ်ရုံဖြင့် သွေးတွင်းကိုလက်စထရော ကျဆင်းသွားသည်။ အချို့ကမူ စားသောက် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းအပြင် ကိုလက်စထရောကျစေသော ဆေးဝါးများပါ သောက်သုံးရန် လိုအပ်သည်။
စားသောက်မှုပုံစံ ပြောင်းလဲမှုနှင့် ပတ်သက်၍
၁) ပြည့်ဝဆီများသော အစားအစာများကို မစားဘဲ နေကြာဆီ၊ ပြောင်းဖူးဆီ ပဲပိစပ်ဆီ စသော ဟင်းရွက်နှင့် အစေ့တို့မှ ထုတ်ထားသော မပြည့်ဝဆီ (စားအုန်းဆီ မပါ) တို့နှင့် အစားထိုးရန်
၂) အသီး ၊ အရွက်၊ အခွံမာသီး နှင့် အစေ့များ လုံလောက်စွာ စားရန်
၃) ငါးသေတ္တာငါး ၊ ဆယ်လ်မွန်ငါးတို့ကဲ့သို့ ကငါးများ တစ်ပတ် ၂ ကြိမ် စားသုံးရန် လိုအပ်ကြောင်း အာဟာရပညာရှင်များက အကြံပြုသည်။
သွေးတွင်းကိုလက်စထရော ကျဆင်းရန် အထောက်အကူပြုသော အစာများ
Phytosterols
အပင်မှ ရပြီး ဓာတုဖွဲ့စည်းပုံမှာ ကိုလက်စထရောနှင့် ဆင်တူသည်။ အူမှ ကိုလက်စထရော စုပ်ယူမှုကို လျော့နည်းစေသည်။ ‘bad’ cholesterol ကို ၁၄% လျော့ကျစေပြီး total cholesterol ကို ၁၀% လျော့ကျစေသည်။ ထို့ကြောင့် The National Cholesterol Education Program မှ သွေးတွင်းကိုလက်စထရော မြင့်မားသူများ တစ်နေ့လျှင် Phytosterols ၂၀၀ ဂရမ် စားရန် အကြံပြုသည်။ Phytosterols ကြွယ်ဝသော အစာများမှာ နှမ်းဆီ၊ နှမ်းစေ့၊ ပန်းသီး၊ ထောပတ်သီး၊ ပန်းဂေါ်ဖီ ၊ ပန်းဂေါ်ဖီအစိမ်း ၊ ဘလူးဘယ်ရီ တို့ဖြစ်သည်။ နွားနို့နှင့် ဒိန်ချဉ်ကို သောက်သုံးပေးခြင်းဖြင့်လဲ Phytosterol ရရှိနိုင်သည်။
Oats နှင့် ဂျုံကြမ်း
Oats နှင့် ဂျုံကြမ်း တွင် ပါဝင်သော beta-glucan အမျှင်ဓာတ်သည် သွေးတွင်းကိုလက်စထရောကို လျော့ကျစေသည်။ ၁ နေ့လျှင် Oats ၃ ဂရမ်ကို ၃ ပတ်မှ ၁၂ ကပတ်စားခြင်းဖြင့် သွေးတွင်းကိုလက်စထရော ၇% ကျဆင်းသွားကြောင်း သုတေသနများက ဆိုသည်။ Oats ဆန်ပြုတ် ၊ Oats နှင့်ပြုလုပ်ထားသော ပေါင်မုန့် ကိတ်မုန့်များကို ရွေးချယ်စားသုံးသင့်သည်။
သုတေသနများအရ အခွံမာသီး နှင့် အစေ့များကို တစ်နေ့ လက်တစ်ဆုပ်စာ (၂၈-၃၀ ဂရမ်) စားပေးခြင်းဖြင့် သွေးတွင်းကိုလက်စထရော ၇ ကျဆင်းသည်။ ထို့ပြင် အခွံမာသီး နှင့် အစေ့များတွင် မပြည့်ဝဆီ ၊ အမျှင်ဓာတ် ၊ ဗီတာမင် E ၊ Phytosterols များပါဝင်၍ နှလုံးရောဂါအတွက် အထောက်အကူပြုပြီး နှင့် သွေးစီးဆင်းမှုကို ကောင်းစေသည်။
ပဲပိစပ်
တစ်နေ့လျှင် ပဲပုပ် သို့ ပဲပိစပ်နှင့် ပြုလုပ်ထားသော အစားအစာများကို ၁၅ ဂရမ် စားသုံးခြင်းဖြင့် သွေးတွင်းကိုလက်စထရော ကျဆင်းမှုကို အထောက်အကူ ဖြစ်စေသည်။ တို့ဟူး၊ ပဲပုပ်စေ့၊ ပဲငပိ နှင့် ပဲနို့ရည် တို့ကို စားသုံးနိုင်သည်။ ပဲပုပ် နှင့် ပဲပိစပ်တို့သည် ကိုယ်တွင်း ကိုလက်စထရောထိန်းညှိရာတွင် ကူညီပေးသည်။
ဤအစာအစားများကို နေ့စဉ်စားသုံးပေးခြင်းဖြင့် သွေးတွင်းကိုလက်စထရော ကျဆင်းမှုကို ကောင်းစွာ အထောက်အကူဖြစ်စေသည်။
သင့်ကျန်းမာရေးအတွက် စိတ်ချရအောင် ဝိဖဝတီ ၀ိဖဝတီ အပြည်ပြည်ဆိုင်ရာ ဆေးရုံကြီးရဲ့ ဝန်ဆောင်မှုဌာနများ နှင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ် ။
ဆက်သွယ်ရန်
ဝိဖဝတီဆေးရုံ ရန်ကုန်ရုံး
အမှတ် ၈၀ စီ/ ကျိုက်ဝိုင်းဘုရားလမ်း Junction 8 အနီး မရမ်းကုန်းမြို့နယ် ရန်ကုန်မြို့
ဖုန်း – 09 95456 2222
ဝိဖဝတီဆေးရုံကြီး-မန္တလေးရုံးခွဲ
အမှတ် (၁၈၈)၊ ၆၃ လမ်း၊ ၂၅ နှင့် ၂၆ လမ်းကြား၊ မန္တလေးမြို့။
ဖုန်း – ၀၉-၉၅၄၀၅၉၂၀၀၊ ၀၉-၄၀၂၆၅၉၂၀၀