• 09954562222Emergency Line
  • အမှတ် ၈၀ C ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်မြို့ 

အဆင့်မြင့် Lasik Center

Lasik ဆိုသည်မှာ လေဆာကိုအသုံးပြု၍ မျက်ကြည်လွှာကိုပြုပြင်သော အဆင့်မြင်နည်းပညာဖြစ်သည်။ အဝေးမှုံခြင်း၊ အနီးမှုံခြင်းနှင့် မျက်စိဆုံချက် မညီခြင်းတို့ကို ပြုပြင်ကုသရာတွင် အသုံးအများဆုံးနည်းဖြစ်သည်။ အခုံးကိုလေဆာဖြင့် လိုအပ်သလိုပြုပြင်၍ ပုံရိပ်အလင်းတန်းများကို မျက်ကြည်လွှာပေါ်တွင် သေချာစွာကျရောက်စေခြင်းဖြင့် ပုံရိပ်ကိုကြည်လင် ပြတ်သားစွာမြင်အောင် ပြုလုပ်ပေးသည်။

ဥပမာ - အဝေးမှုံသူတို့တွင် မျက်ကြည်လွှာ အခုံးလွန်ခြင်းကြောင့် အလင်းတန်းများသည် မျက်ကြည်လွှာ၏ ရှေ့တွင်ကျရောက်ကာ အဝေးပုံရိပ်ကို ပြတ်ပြတ်သားသားမမြင်ရပေ။ အခုံးကိုလေဆာဖြင့်လျှော့ ၍အလင်းတန်းများကို မျက်ကြည်လွှာပေါ်တွင် သေချာစွာကျရောက်အောင် လုပ်ပေးနိုင်သည်။

Lasik ပြုလုပ်လျှင် မိနစ်အနည်းငယ်မျှသာ ကြာမြင့်သည်။ ကုသမှုပြီးလျှင် ပါဝါမျက်မှန်မျက်ကပ် မှန်မသုံးဘဲ အမြင်အာရုံတိုးတက် ကောင်းမွန်လာသည်။

အမြင်အာရုံတိုးတက် ကောင်းမွန်အောင် ခွဲစိတ်ပြုပြင်နိုင်သော အခြားနည်းလမ်းများစွာရှိသည်။ မျက်စိအထူးကုဆရာဝန်နှင့် တိုင်ပင်၍ မိမိနှင့်သင့်တော်သော ကုသမှုကို ခံယူသင့်သည်။

အထူးကုဆရာဝန်များ