အကြောင်းတခုခုကြောင့် ရုတ်တရက် ကျောက်ကပ် ပျက်စီးသွားသူများနှင့် ကျောက်ကပ်ပျက်စီးမှု နောက်ဆုံးအဆင့် ရောက်နေသူများအား ကုသမှုပေးနေသည်။ ဤဌာနသည် ISO 2000 နှင့် The Association of Advancement of Medical Instrumentation (AAMI) တို့၏အသိအမှတ်ပြု လက်မှတ်ရရှိထားသော ကမ္ဘာ့အဆင့်မီ ကျောက်ကပ်ဆေးဌာနဖြစ်ပါသည်။
ဤဌာန၏ထူးခြားမှုများ
- လူနာများ သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်အနေအထားတွင် ကုသမှုခံယူနိုင်ခြင်း
- ကျောက်ကပ်ဆေးနေသော ၃နာရီမှ၎နာရီအတွင်းလူနာများ စာရေးစာဖတ်ပြုလုပ်နိုင်ခြင်း၊ စကားပြောနိုင်ခြင်း၊ တီဗွီကြည့်နိုင်ခြင်း၊ အိပ်စက်အနားယူနိုင်ခြင်း
- ကျောက်ကပ်ဆေးနေစဉ် တလျှောက်လုံး အတွေ့အကြုံရှိသော ၀ါရင့်ကျန်းမာရေးဝန်ထမ်းများမှ စောင့်ရှောက်မှုပေးခြင်း
- ကျောက်ကပ်ဆေးနေစဉ် တလျှောက်လုံး လူနာ၏အခြေအနေကို တီဗွီမော်နီတာဖြင့် စောင့်ကြည့်နေခြင်း
- လူနာစောင့်များအဆင်ပြေရန် နေရာထိုင်ခင်းများစီစဉ်ထားရှိပေးခြင်း
ကျောက်ကပ်ဆေးခြင်းအပြင် သွေးရည်ကြည်ဖြင့် ကုသပေးခြင်း၊ သွေးသန့်စင်ပေးခြင်း၊ ကျောက်ကပ်ဆေးရန် အကြောမွေးခြင်းတို့ကို လဲပြုလုပ်ပေးနေပါသည်။