• 09954562222Emergency Line
  • အမှတ် ၈၀ C ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်မြို့ 

နှလုံးအထူးကုဌာန

အစဉ်ဆန်းသစ် တိုးတက်လျက်ရှိသော ကုသနည်းစနစ်များနှင့် နောက်ဆုံးပေါ် ခေတ်မီကျန်းမာရေးတိုင်ရာ စက်သစ်ကြီးများကိုအသုံးပြုကာ

- နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါရှာဖွေ ကုသရေးဆိုင်ရာ အထူးကုဆရာဝန်ကြီးများ

- နှလုံးသွေးကြောချဲ့ခြင်းနှင့် အစားထိုး ခွဲစိတ်ကုသမှုဆိုင်ရာ အထူးကုဆရာဝန်ကြီးများ

- နှလုံးရောဂါသည်များ အမြန်ဆုံးပြန်လည် ထူထောင်နိုင်ရေးဆိုင်ရာ အထူးကုဆရာဝန်ကြီးများ

- နှလုံးနှင့်ရင်ခေါင်း အသေးစိတ် ခွဲစိတ်ကုသမှုဆိုင်ရာ အထူးကုဆရာဝန်ကြီးများး

- ကလေးနှလုံး အထူးကု ဆရာဝန်ကြီးများစသည့် ကျွမ်းကျင်ဆရာဝန်ကြီးများဖြင့် ဖွဲ့စည်းထားသော နှလုံးအထူးကုအဖွဲ့ကြီးမှ နှလုံးဆိုင်ရာရောဂါများကို (၂၄) နာရီအထူးကုသပေးလျက်ရှိပါသည်။း

နှလုံးရောဂါသည် အချိန်မရွေးဖြစ်ပွားနိုင်သဖြင့် နှလုံးကျန်းမာရေးစစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ရန် လိုအပ်ပါသည်။ အခိုက်အတန့်မူးမေ့လဲခြင်း၊ မကြာခဏသတိလစ်ခြင်း၊ ခြေလက်ဖောယောင်ခြင်းကဲ့သို့ နှလုံးရောဂါနှင့် ပတ်သက်သော လက္ခဏာများကို ခံစားနေရပါက အမြန်ဆုံးကုသမှုခံယူရန် လိုအပ်ပါသည်။ ထို့ပြင်မိမိ၏ မိသားစုဝင်များအတွင်း နှလုံးရောဂါခံစားနေရသူများရှိခြင်း (သို့) မိမိတွင်ဆီးချိုရောဂါ၊ သွေးတွင်းအဆီမြင့်တက်ခြင်း စသည့်ရောဂါများရှိပါက စောစီးစွာစစ်ဆေး ကုသမှုခံယူသင့်သည်။

အောက်ပါရောဂါများခံစားနေရလျှင် နှလုံးကျန်းမာရေးစစ်ဆေးခြင်းနှင့် စနစ်တကျကုသမှုကိုခံယူသင့်သည်။

- သွေးတိုးရောဂါနှင့် ဆက်စပ်ဖြစ်ပွားသောနှလုံးရောဂါ

- နှလုံးပတ်သွေးလွှတ်ကြောဆိုင်ရာ ရောဂါအမျိုးမျိုး

- မွေးရာပါနှလုံးရောဂါအမျိုးမျိုး

- လေးဖက်နာရောဂါနှင့် ဆက်စပ်ဖြစ်ပွားသောနှလုံးရောဂါ

- နှလုံးစမ်းသပ်မှုဆိုင်ရာ လျှပ်စီးကြောင်းပုံမမှန်ခြင်း

- နှလုံးကြွက်သားဆိုင်ရာ ရောဂါများကြောင့်နှလုံးကြီးခြင်း

- နှလုံးသွေးကြောနံရံများ ပေါက်ထွက်ခြင်း

ရရှိနိုင်သောစစ်ဆေးကုသမှုများ

၂၄နာရီ E.C.G မှတ်တမ်း

တခါတရံ နှလုံးခုန်မြန်ခြင်းခံစားနေရသူများ၊ မကြာခဏသတိလစ်တတ်သူများ၊ အကြောင်းမဲ့မကြာခဏ မူးမော်နေတတ်သူများ၊ နှလုံးခုန်မမှန်ခြင်းကို ပုံမှန်ခံစားနေရသူများအတွက်သင့်လျော်သော ရောဂါရှာဖွေရေးနည်းလမ်းတခုဖြစ်ပါသည်။

ပဲ့တင်သံသုံးနှလုံးဓာတ်မှန် (Echocardiography)

နှလုံးညှစ်အား၊ နှလုံးခုန်နှုံး၊ နှလုံးနံရံ အထူအပါးနှင့် နှလုံးအခန်းများ၏ သွေးဖိအားစသည်တို့ကို စစ်ဆေးနိုင်ပြီး ရောဂါအဖြေမှန်ကို တိကျစွာဖော်ထုတ်တွေ့ရှိနိုင်သည်။

Exercise Stress Test

ဤစပ်းသပ်မှုသည် နှလုံးသွေးကြောကျဉ်းရှိမရှိ စစ်ဆေးသော စမ်းသပ်မှုတစ်ခုဖြစ်ပါတယ် ပြေးစက်ပေါ်ပြေးသည့်အခါ သင့်ခန္ဓာကိုယ်ကြွက်သားများ၏ သွေးလိုအပ်မှူ ပိုမိုများပြားလာပါတယ်။ ထိုအခါ နှလုံးကြွက်သားများက ပိုမိုပြင်းထန်စွာညှစ်ပြီး လိုအပ်သောသွေးပမာဏကို ဖြည့်ဆည်းပေးရပါတယ်။ stress test လုပ်ခြင်းဖြင့် နှလုံးကြွက်သားများမှ ကိုယ်ခန္ဓာ လိုအပ်ချက်အတိုင်း သွေးဖြည့်ဆည်းပေးနိုင်မှုရှိမရှိ သိနိုင်ပါတယ် ။

Cardiac Catheterization and Coronary Angiography

နှလုံးနှင့် နှလုံးပတ်သွေးကြောအတွင်း ပြွန်ငယ်ထည့်သည့် နည်းပညာသုံးကာ နှလုံးသွေးလွှတ်ကြောများ ပိတ်ဆို့မှုရှိမရှိ စစ်ဆေးနိုင်သည်။ ပိတ်ဆို့မှုရှိပါက ကြိုတင်ကုသနိုင်သည်။

ထို့ပြင်အောက်ပါရောဂါများကို အထူးကုသပေးနိုင်သည်။

- နှလုံးအခန်းများ၏ ရောဂါဗေဒဆိုင်ရာ အခြေအနေများကို အကဲဖြတ်ခြင်း၊ ပုံမှန်မဟုတ်သော နှလုံးဓာတ်မှန်ပုံစံများ၏ ရောဂါဗေဒဆိုင်ရာ အခြေအနေများကို ရှာဖွေခြင်း

- နှလုံးအတွင်းခန်းအဆို့ရှင် ကျဉ်းမြောင်းခြင်းကို သွေးကြောချဲ့ ဘောလုံးငယ်အသုံးပြု၍ ခေတ်မီနည်းစနစ်ဖြင့် ကုသပေးခြင်း

- နှလုံးအတွင်းကြွက်သားနံရံများ မပိတ်ဘဲကျန်ရှိခြင်း (သို့) သွေးလွှတ်ကြောအတွင်း အပေါက်ဖြစ်ခြင်းများကို ခွဲစိတ်စရာမလိုအပ်ဘဲ အထူးခေတ်မီစက် ကိရိယာများသုံး၍ ပိတ်ဆို့ပေးနိုင်ခြင်း

64-Slice Multidetector Computed Tomography Angiography (MDCTA)

(၀.၃၃) စက္ကန့်အတွင်း၃၆၀ ဒီဂရီပတ်လည် တိကျသောပုံရိပ်ပေါင်း ၆၄ပုံကိုတစ်ကြိမ်တည်းဖြင့် ရိုက်ကူးနိုင်သည့်အတွက် နှလုံးခုန်ချိန် ) စက္ကန့်ပိုင်းအတွင်း နှလုံးသွေးကြောနှင့် နှလုံးကြွက်သားဆိုင်ရာ ရောဂါများကို မှန်ကန်တိကျစွာ ဖော်ထုတ်ပေးနိုင်သည်။

Percutaneous Transluminal Coronary Angioplasty and Stenting

နှလုံးသွေးလွှတ်ကြောများ ပိတ်ဆို့ခြင်းကို စောစီးစွာရှာဖွေတွေ့ရှိနိုင်သည့် အပြင်သေးငယ်သော (Stent)ကိုပါ ထည့်သွင်းကုသခြင်းများ တပြိုင်တည်းပြုလုပ်နိုင်သည်။