• 09954562222Emergency Line
  • အမှတ် ၈၀ C ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်မြို့ 

အသည်းအစာအိမ်နှင့်အူလမ်းကြောင်းဌာန

လေပွခြင်း၊ အစာအိမ်လေချဉ်တက်ခြင်း၊ ရင်ပူခြင်း၊ ၀မ်းချုပ်ခြင်းတို့သည် အဖြစ်များသော အစာအိမ်နှင့်အူလမ်းကြောင်း ဝေဒနာလက္ခဏာများဖြစ်သည်။ ထိုဝေဒနာများကို သက်သာပျောက်ကင်းအောင် ကုသရန်နှင့် ထိုဝေဒနာများဖြစ်စေသော ရောဂါဇစ်မြစ်ကို စစ်ဆေးရှာဖွေရန် အရေးကြီးပါသည်။ ယခင်ကအစာအိမ်နှင့် အူလမ်းကြောင်းရောဂါ ရှာဖွေသောနည်းလမ်းများသည် နာကျင်ပြီးခက်ခဲတတ်သည်။ သို့ရာတွင်ယခုအခါ ဗွီဒီယိုမှန်ပြောင်းသုံး၍ ရောဂါဇစ်မြစ်ကို ပိုမိုတိကျစွာ ရှာဖွေနိုင်သလို လူနာအတွက်လဲ သက်တောင့်သက်သာရှိစေသည်။

အစာအိမ်နှင့်အူလမ်းကြောင်း အတွက်အထူးပြု လေ့လာသင်ကြားထားသော အထူးကုဆရာဝန်များနှင့် ကျွမ်းကျင်သူနာပြုများက နောက်ဆုံးပေါ်ခေတ်မီ စက်ကိရိယာ နည်းပညာများသုံး၍ လူနာများရောဂါဝေဒနာ သက်သာပျောက်ကင်းအောင် ၀န်ဆောင်မှုပေးနေပါသည်။

ဝန်ဆောင်မှုများ

- အစာမျိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီးမှန်ပြောင်းကြည့်ခြင်း

- အာလ်ထရာဆောင်း၊ ကွန်ပြူတာဓာတ်မှန်တို့ဖြင့် ရောဂါရှာဖွေခြင်းအသားစယူခြင်း

- အသည်းရောဂါ၊ သည်းခြေနှင့်သည်းခြေအိတ်ရောဂါ၊ သရက်ရွက်ရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်း ရောဂါအမျိုးမျိုးအတွက် ကုသမှုပေးခြင်း

- သည်းခြေပြွန်နှင့် သရက်ရွက်ပြွန်အ၀ရှိ ကြွက်သားညှစ်အားကို တိုင်းတာစမ်းသပ်ခြင်း