ဖန်ပြွန်သန္ဓေသား ဌာနမှအောက်ပါဝန်ဆောင်မှုများကိုဆောင်ရွက်ပေးနေပါသည်။
ကလေးရရန် အခက်အခဲဖြစ်နေသော ဇနီးမောင်နှံများ၏ အခက်အခဲကို သေချာစွာနားထောင်၍ တစ်ဦးချင်းအလိုက်သင့်တော်သော နည်းလမ်းဖြင့် ရှာဖွေကုသပေးပါသည်။ လူနာအားလုံလောက်သော သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီပေး၍ ဖန်ပြွန်သန္ဓေလုပ်ဆောင်မှုကို ချောမွေ့အောင်မြင်အောင် ဆောင်ရွက်ပေးနေသည်။
– ရာသီစက်ဝန်းပေါ်မူတည်၍ သင့်တော်သော အချိန်အလိုက် ဟော်မုန်းများစစ်ဆေးခြင်း
– သုတ်ရည်စစ်ဆေးခြင်း
– သားအိမ်နှင့်သားဥပြွန် ဓာတ်မှန်ရိုက်၍ သားဥပြွန်ပိတ်ဆို့မှုရှိ /မရှိစစ်ဆေးခြင်း
– သားအိမ် အသားစယူ၍ သားအိမ်တွင်းရှိ ပြသာနာရှာဖွေပေးခြင်း
– သားအိမ်မှန်ပြောင်းကြည့်၍ သားအိမ်နှင့်`မွေးလမ်းကြောင်း ပြသာနာရှာဖွေ ကုသပေးခြင်း
– ဖန်ပြွန်သန္ဓေပြုလုပ်ခြင်း
– သားကြောဖြတ်ထားပြီးမှ ကလေးလိုချင်သူများအတွက် ကလေးပြန်ရနိုင်အောင်သားဥပြွန် ဆက်ထုံးဖြေပေးခြင်း