ပုံမှန်ကျန်းမာရေးဆေးစစ်ခြင်းသည် အလွန်အရေးကြီးပြီး အကျိုးလဲရှိပါသည်။ ကျန်းမာရေးချို့တဲ့မှု (သို့) ရောဂါအခြေအနေကို အချိန်မီစောစီးစွာသိရှိခြင်းဖြင့် မလိုလားအပ်သောအောက်ပါနောက်ဆက်တွဲ ဆိုးကျိုးများကို တားဆီးနိုင်သည်။
- ရောဂါပိုမိုဆိုးရွား ဖောက်ပြန်လာခြင်း
- ရောဂါဝေဒနာ ပြင်းထန်စွာခံစားရခြင်း
- ငွေကုန်ကြေးကျများခြင်း
- ဆေးရုံတက်ရခြင်း
- ရောဂါကြောင့်သေဆုံးခြင်း
ဆေးမစစ်မီလိုက်နာရမည့် အချက်များ
- ဆေးမစစ်မီ ၁၀နာရီအလိုမှစ ၍ (ည၁၀နာရီနောက်ပိုင်း) ရေအပါအ၀င်မည်သည့် အစားအသောက်မှမစားရပါ။
- ဆေးစစ်ရာတွင် အလွယ်တကူသွေးဖောက်နိုင်ရန် သက်တောင့်သက်သာရှိသော အ၀တ်အစားများဝတ်လာပါ။
- ဆေးမစစ်မီလုံလောက်စွာအနားယူပါ။
- ဆေးမစစ်မီ အရက်သေစာလုံးဝ မသောက်စားရပါ။
ကျန်းမာရေးစစ်ဆေးမှုအစီအစဉ် (၆) မျိုးရှိပါသည်။
- အမျိုးသား အမျိုးသမီးတို့အတွက် Inter Standard program
- အမျိုးသား အမျိုးသမီးတို့အတွက် Inter Executive program
- အသက်၄၀နှစ်နှင့် အထက်အမျိုးသား အမျိုးသမီးတို့အတွက် Inter Advanced program
- အသက်၄၅နှစ်နှင့် အထက်အမျိုးသမီးတို့အတွက် Inter Executive Plus program