• 09954562222Emergency Line
  • အမှတ် ၈၀ C ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်မြို့ 

ရင်သားဌာန

အမျိုးသမီးများတွင်ဖြစ်လေ့ရှိသော ရင်သားအကြိတ်၊ နို့သီးခေါင်းမှသွေးနှင့် အခြားအရည်ကြည်ထွက်ခြင်း၊ ပုံမှန်မဟုတ်ဘဲနို့ထွက်ခြင်း၊ ရင်သားနာကျင်ခြင်းနှင့် ပုံမှန်မဟုတ်သောရင်သားကြီးထွားလာမှုတို့အတွက် စမ်းသပ်စစ်ဆေးကုသပေးနေသည်။ ရင်သားကင်ဆာကို စောစီးစွာသိရှိကုသနိုင်ရန် တိကျပြည့်စုံသော ဆန်းစစ်ရှာဖွေမှုပြုလုပ်ရမည်။

ရင်သားဌာန၏၀န်ဆောင်ကုသမှုများ

- ရင်သားစမ်းသပ်ခြင်း၊ ရင်သားဓာတ်မှန် (Mammogram)၊ ရင်သားတီဗွီဓာတ်မှန်( ultrasound)၊ သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများ၏ တုန်ခါနှုန်းကို အသုံးပြု၍ပုံရိပ်ဖော်ခြင်းနည်းပညာ (MRI) ၊အသားစယူခြင်း (breast biopsy) တို့ပြုလုပ်ကာ ရင်သားကင်ဆာရှိမရှိဆန်းစစ်ခြင်း

- ရင်သားခွဲစိတ်ပြီး ရင်သားအစားထိုးပြန်လည် တည်ဆောက်ခြင်း

- ရင်သားကင်ဆာအတွက် ကင်ဆာဆေးသွင်း ကုသခြင်း

- ရင်သားကင်ဆာအတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း