အပ်စိုက်ကုသခြင်းသည် ဓာတုပစ္စည်းများဖြင့် ဖော်စပ်ထားသောဆေးဝါးများ မသုံးဘဲကုသသောသဘာဝကုထုံးဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း၄၀၀၀ကတည်းက တရုတ်ပြည်တွင်စတင်ခဲ့ပြီး ရှေးအကျဆုံးနှင့်အသုံးအများဆုံး သဘာဝကုထုံးဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization) မှအပ်စိုက်ကုသခြင်းကို ရောဂါအမျိုးပေါင်း၅၇မျိုးကို ကုသရာတွင်သုံးနိုင်သော သဘာဝကုထုံးအဖြစ် သဘောတူအသိအမှတ်ပြုခဲ့သည်။
အပ်စိုက်ကုသခြင်းဖြင့် သက်သာစေနိုင်သောရောဂါများ
- ဒူးနာ၊ ခါးနာ၊ ပခုံးနာ၊ လေးဘက်နာ၊ အရိုးအဆစ်အနာအမျိုးမျိုး
- ရာသီလာစဉ် ဗိုက်အောင့်ဗိုက်နာခြင်း
- ဆီးကျောက်တည်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း
- သွေးပေါင်ကျခြင်း၊သွေးတိုးခြင်း
- အိပ်မပျော်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ်မူးအန်ခြင်း
- ၀မ်းချုပ်ခြင်း၊ ၀မ်းလျှောခြင်း၊ လေပွခြင်း
- အ၀လွန်ခြင်း
- စိတ်ရောဂါများ
- ပန်းနာရင်ကြပ်နှင့် ဓာတ်မတည့်ခြင်း