• 09954562222Emergency Line
  • အမှတ် ၈၀ C ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်မြို့ 

ကျန်းမာ​ရေးဗဟုသုတများ

နှလုံးကျန်းမာရေး အလေးပေး

ရင်ဘတ်အောင့်ခြင်း (Angina)

နှလုံးရောဂါအခံ ရှိတဲ့သူတွေမှာ ရင်ဘတ်အောင့်တယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိပေမဲ့ သာမာန်ကျန်းမာ နေတဲ့သူတစ်ယောက်မှာ ရုတ်တရက် ရင်ဘတ်ထဲဆူးကနဲ အောင့်လာပြီဆိုရင်တော့ လုံးဝမပေါ့ဆသင့်ပါဘူး။ နှလုံး ရုတ်တရက် ရပ်တန့်ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် စောလျင်စွာ ဆရာဝန်နဲ့တိုင်ပင်ပြီး ထိရောက်တဲ့ကုသမှုကို အမြန်ဆုံးခံယူသင့်ပါတယ်။

ဘာဖြစ်လို့ ရင်ဘတ်အောင့် ရတာလဲ?

ရင်ဘတ်အောင့်တယ်ဆိုတာ နှလုံးသွေးကြောကျဉ်းရောဂါရဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ နှလုံးမှ အောက်စီဂျင် ပြည့်ဝတဲ့သွေး လုံလုံလောက်လောက်မရတဲ့ အခါမှာ ရင်ဘတ်အောင့် လာတတ်ပါတယ်။

သင့်မှာ နှလုံးသွေးကြောကျဉ်းရောဂါ ရှိနေပြီဆိုရင်တော့ ရင်ဘတ်အောင့်ခြင်းရုံတင်မက ရင်ဘတ်ထဲမှာ ဖိညစ်ခံထားရသလိုလည်း ခံစားရတတ်ပါတယ်။ တစ်ခါတစ်ရံ ပုခုံး၊ လက်မောင်း၊ လည်ပင်း၊ မေးရိုး နှင့် ကျောဘက် တွေမှာ လည်း သက်ထောင့်သက်သာ မရှိဘဲ တောင့်တင်းတင်း ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် အစာမကြေသလို ဖြစ်နေတတ်ပါတယ်။

ဘာတွေက နှလုံးသွေးကြောကျဉ်းရောဂါ (ရင်ဘတ်အောင့်ခြင်း) ကို ဖြစ်စေတာလဲ?

• ခန္ဓာကိုယ်ထဲမှာ မကောင်းသော အဆီများနေခြင်း (high cholesterol level)
• သွေးတိုးရောဂါ ရှိခြင်း
• ဆေးလိပ်သောက်ခြင်း
• အရက်အလွန်အကျွံသောက်ခြင်း
• မူးယစ်ဆေးသုံးစွဲခြင်း
• ဆီးချို - သွေးချို ရှိခြင်း
• အ၀လွန်ခြင်း
• ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
• ကျန်းမာရေးနှင့် မညီညွှတ်သော စားသောက်နေထိုင်မှု ပုံစံများရှိခြင်း (ဥပမာ- အချိုအဆိမ့်အစားများကာ အထိုင်များတတ်သူများ)
• အသက်အရွယ်ရလာခြင်း ( အမျိုးသားများတွင် အသက် 45 နှစ် နောက်ပိုင်း ၊ အမျိုးသမီးမှာ 55 နှစ်နောက်ပိုင်းတွင် ရောဂါ ဖြစ်နိုင်ခြေပိုများသည်။)
• မျိုးရိုးတွင် နှလုံးသွေးကြောကျဉ်းရောဂါ ရှိုခြင်း။

နှလုံးသွေးကြောကျဉ်း ရင်ဘတ်အောင့်ခြင်း ဘယ်နှမျိုးရှိတာလဲ?

ပုံမှန် နှလုံးရောဂါ ရှိသူမှာ ရင်ဘတ်အောင့်ခြင်း (Stable Angina)
• ရုတ်တရက်အောင့်လာတာမျိုးမဟုတ်ဘဲ နှလုံးက ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ရတဲ့အချိန်မှာ ဖြစ်လာခြင်း (ကိုယ်လက်လှုပ်ရှားမှုများတဲ့အချိန်၊ အားသွန်ခွန်စိုက်အလုပ်လုပ်ရချိန်)
• အချိန် ၅ မိနစ် အတွင်း သူ့အလိုလို ပြန်လည်သက်သာသွားခြင်း
• အနားယူ (သို့) သောက်ဆေးကြောင့် သက်သာသွားခြင်း

ရုတ်တရက် ပုံမမှန် ရင်ဘတ့်အောင့်ခြင်း (Unstable Angina)
• အိပ်နေတဲ့အခါ၊ အနားယူနေ နေတဲ့အခါ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု အနည်းငယ် လုပ်ရုံနဲ့ ရုတ်တရက်ရင်ဘတ်အောင့်လာခြင်း
• မမျှော်လင့်သော အချိန်မှာ ရုတ်တရက် ထဖြစ်လာတတ်ခြင်း
• အချိန်ပိုကြာ အောင့်နေတတ်ပြီး အနားယူခြင်း၊ ဆေးသောက်ခြင်းများဖြင့်လည်း သက်သာမှုမရှိခြင်း။
• အချိန်ကြာလေ ပိုဆိုးလာတတ်ပြီး နှလုံး ရုတ်တရက် ရပ်တန့်ခြင်း (heart attack) ကို ဖြစ်စေတတ်ပါတယ်။

ဘယ်လိုအခြေအနေကြောင့်ဖြစ်ဖြစ် ရင်ဘတ်အောင့် လာတယ်ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန် နဲ့တိုင်ပင်ဆွေးနွေးသင့်ပြီး လိုအပ်ပါက အောက်ပါ စစ်ဆေးမှု များကို ခံယူရမှာ ဖြစ်ပါတယ်။

• ECG (Electrocardiogram)
• Stress Testing
• Blood Tests
• Chest X-Rays
• Coronary Angiography and Cardiac Catheterization
• Computed Tomography Angiography
ကုသခြင်း

• မိမိနေထိုင်မှု ဘ၀ပုံစံကို ပြောင်းလဲပါ
• ညွှန်ကြားထားသော ဆေးကို ပုံမှန်သောက်ပါ
• နှလုံးသွေးကြောချဲ့ခြင်း၊ သွေးကြောအစားထိုးခြင်း စတဲ့ သက်ဆိုင်ရာရောဂါအလိုက် ထိရောက်သောကုသမှုကို အချိန်မှီခံယူပါ။
• နှလုံးပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ (Heart Rehabilitation) လုပ်ဆောင်ပါ။

နှလုံးရောဂါ ဝေဒနာသည် လူမျိုး ဘာသာ အချိန် မရွေးဖြစ်ပွားနိုင်သဖြင့် သင့်နှလုံးကျန်းမာရေးကို သေချာအလေးထားစစ်ဆေးခြင်းများ ပုံမှန်ပြုလုပ်ရန် လိုအပ်ပါသည်။ သင့်တွင် နှလုံးရောဂါ နဲ့ပတ်သက်ပြီး လက္ခဏာများပေါ်ပေါက်လာပါက ကျွမ်းကျင်သော နှလုံးအထူးကုသမားတော်များနှင့် အမြန်ဆုံး ထိရောက်စွာကုသမှု ခံယူရန် လိုအပ်ပါသည်။

ဝိဖ၀တီ ဆေးရုံကြီး၏ နှလုံး အထူးကုသရေး ဌာနတွင် နောက်ဆုံးပေါ် ခေတ်မီ နည်းပညာစက်များ၊ ကိရိယာများဖြင့် ကျွမ်းကျင်သော နှလုံးအထူးကုသမားတော်ကြီးများဖြင့် နှလုံးဝေဒနာရှင်များအား စေတနာရှေ့ထား သမားကျင့်ဝတ် လျှော်ညီစွာ အကောင်းဆုံး ကုသပေးလျက် ရှိနေပါသည်။

နှလုံးရောဂါနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးခြင်းများ၊ ကုသလိုသူများအတွက် -

ဝိဖဝတီအပြည်ပြည်ဆိုင်ရာဆေးရုံကြီး (မန္တလေးရုံးခွဲ)
ဒေါက်တာသက်ဝင်း
အမှတ် (၁၈၈)၊ ၆၃ လမ်း၊ ၂၅ နှင့် ၂၆ လမ်းကြား
မန္တလေးမြို့။
ဖုန်း - ၀၉-၉၅၄၀၅၉၂၀၀၊ ၀၉-၄၀၂၆၅၉၂၀၀။

ဝိဖဝတီအပြည်ပြည်ဆိုင်ရာဆေးရုံကြီး (ရန်ကုန်ရုံးခွဲ)
အမှတ် ၈၀ C ၊ ကျိုက်ဝိုင်းဘုရားလမ်း ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
ဖုန်း - ၀၉-၉၅၄၅၆၂၂၂၂။

(စိတ်ချယုံကြည် ၀ိဖ၀တီ)